ဆာလံကျမ်း 99
ဘု​ရား​သ​ခင်၏သန့်ရှင်းခြင်း
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့သည် တုန်လှုပ်ခြင်းရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။Ref ၉၉:၁။ ထွ ၂၅:၂၂။ ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ်တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်းရှိတော်မူ၏။ ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်သော နာမတော်ကိုချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။ တရားကိုနှစ်သက်သော ရှင်ဘုရင်၏တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သောစီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရားသဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ခြေတော်တင်ရာခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်းတော်မူသတည်း။
ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။ သူတို့အား မိုးတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကိုလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကိုလည်းကောင်း စောင့်ရှောက်ကြ၏။Ref ၉၉:၇။ ထွ ၃၃:၉။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသောဘုရား ဖြစ်တော်မူ၏။ ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသောတောင်တော်မှာ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။