ဆာလံကျမ်း 82
တရားမျှတမှုအတွက်ဆုတောင်း
ဘုရားသခင်သည် ဘုရားတို့၏ပရိသတ်၌ ရပ်လျက်နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။
သင်တို့သည် မတရားသောသူတို့၏မျက်နှာကိုထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။ ဆင်းရဲသောသူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူတို့ဘက်၌ တရားစီရင်ကြလော့။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။ သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ ဟုငါဆိုသတည်း။Ref ၈၂:၆။ ယော ၁၀:၃၄။ သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။
အိုဘုရားသခင်၊ ထ၍ မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။