ဆာလံကျမ်း 81
ပွဲ​သ​ဘင်​သီ​ချင်း
ငါတို့အစွမ်းသတ္တိတည်းဟူသော ဘုရားသခင်အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသောအသံကို ပြုကြလော့။ တူရိယာမျိုးကို ဆောင်ကြ။ ပတ်သာကိုလည်းကောင်း၊ သာယာသောစောင်းနှင့် တယောကိုလည်းကောင်း ယူခဲ့ကြ။ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။Ref ၈၁:၃။ တော ၁၀:၁၀။ ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။ နားမလည်သောစကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တစ်ဖက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။
ငါသည် သူ၏ပခုံးကို ဝန်နှင့်လွတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နုတ်ယူ၏။ သင်သည် ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသောမိုးကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။Ref ၈၁:၇။ ထွ ၁၇:၇။ တော၊ ၂၀:၁၃။ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင်ပါစေသော။ သင်၌ တစ်ပါးအမျိုး၏ဘုရားမရှိရ။ တစ်ကျွန်းတစ်နိုင်ငံဘုရားကို မကိုးကွယ်ရ။Ref ၈၁:၉။ ထွ ၂၀:၂-၃။ တရား၊ ၅:၆-၇။ 10 ငါသည်သင့်ကို အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။ 11 ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။ 12 ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
13 ငါ၏လူစုသည် ငါ့စကားကိုနားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။ 14 လိုက်လျှင် ငါသည် သူတို့ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ်မည်။ 15 ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲတည်ရသောအခွင့် ရှိကြလိမ့်မည်။ 16 အကောင်းဆုံးသောဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။