ဆာလံကျမ်း 74
အ​မျိုး​သား​လွတ်​မြောက်​ရေး​အ​တွက် ဆု​တောင်း
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသောသိုးတို့ကို အဘယ်ကြောင့် အမျက်ထွက်တော်မူသနည်း။ ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့်ပြု၍၊ အမြဲသုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။ ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။ လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ ယခုတွင် ဗိမာန်တော်တန်ဆာများကို ပုဆိန်၊ သံတူနှင့် တစ်ပြိုင်နက်ရိုက်ချိုးကြပါ၏။ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ ဤအမျိုးသားအပေါင်းတို့ကို အတူဖျက်ဆီးကြကုန်အံ့ဟုဆို၍၊ မြေတစ်ပြင်လုံးတွင် ဘုရားသခင်၏ တရားဇရပ်တို့ကို မီးရှို့ကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည် တစ်ဖန်မပေါ်မရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူမရှိပါ။
10 အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။ 11 လက်ယာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော်မူပါ။ 12 အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။ 13 ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကိုခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။Ref ၇၄:၁၃။ ထွ ၁၄:၂၁။ 14 လဝိသန်၏ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဖို့ အပ်ပေးတော်မူပြီ။Ref ၇၄:၁၄။ ယောဘ ၄၁:၁။ ဆာ၊ ၁၀၄:၂၆။ ဟေရှာ၊ ၂၇:၁။ 15 စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။ 16 နေ့နှင့် ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ 17 မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကိုလည်းကောင်း၊ နွေကာလနှင့် ဆောင်းကာလကိုလည်းကောင်း စီရင်တော်မူပြီ။
18 ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။ 19 ကိုယ်တော်၏ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။ 20 ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သောအရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။ 21 နှိပ်စက်ခြင်းကိုခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။ 22 အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။ 23 ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။