ဆာလံကျမ်း 127
အိမ်ထောင်၏ကောင်းချီး
ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ စောစောထလျက်၊ ညနက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော်လည်း အကျိုးမရှိ။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။ အသက်ပျိုစဉ်၊ ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။