ဆာလံကျမ်း 123
သ​နား​တော်​မူ​ရန်​ဆု​တောင်း​
ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။ ကျွန်တို့သည် သခင်လက်ကိုလည်းကောင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းကောင်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။ အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကို ခံရပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။ မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ မာနကြီးသောသူတို့၏ အရှက်ခွဲခြင်းကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဝိညာဉ်သည် အလွန်ခံရပါ၏။