ဆာလံကျမ်း 117
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း​
လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့။Ref ၁၁၇:၁။ ရော ၁၅:၁၁။ အကြောင်းမူကား၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏။ ထာဝရဘုရား၏သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။