ဆာလံကျမ်း 113
လိုအပ်သူကိုမစသောဘုရား
ထာဝရဘုရား၏ကျွန်တော်တို့၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။ ထာဝရဘုရား၏နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ ထာဝရဘုရားသည် လူမျိုးတကာတို့အပေါ်၌လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌လည်းကောင်း မြင့်တော်မူ၏။ ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊ ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊ မင်းသားတို့တွင်လည်းကောင်း၊ မိမိလူတို့ကို အုပ်စိုးသောမင်းတို့တွင်လည်းကောင်း နေရာပေးတော်မူ၏။ မြုံသောမိန်းမသည် အိမ်၌နေ၍၊ ဝမ်းမြောက်သောစိတ်နှင့် သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။