ဆာလံကျမ်း 110
ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သော​ဘု​ရင်
ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမီတိုင်အောင်၊ ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။Ref ၁၁၀:၁။ မ ၂၂း၂၄။ မာ၊ ၁၂း၃၆။ လု၊ ၂၀း၄၂-၄၃။ တ၊ ၂း၃၄-၃၅။ ၁ကော၊ ၁၅း၂၅။ ဧ၊ ၁း၂၀-၂၂။ ကော၊ ၃း၁။ ဟေ၊ ၁း၁၃၊ ၈း၁၊ ၁၀း၁၂-၁၃။ ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။ တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။။Ref ၁၁၀:၄။ ဟေ ၅း၆၊ ၆း၂၀၊ ၇း၁၇၊ ၂၁။ လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။
ငါ၏သခင်သည် တစ်ပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အလောင်းတို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။ လမ်းနားမှာစီးသောရေကိုသောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။