36
အိမ်​ထောင်​သည်​အ​မျိုး​သမီး​များ​အ​မွေ ခံရာ
ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီးတို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသားအဆွေအမျိုး သူကြီးတို့ထံသို့လာ၍၊ အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအမိန့်တော်ရှိပါ၏။Ref ၃၆:၂။ တော ၂၇:၇။ ထိုမိန်းမတို့သည် မိမိအမျိုးမှတစ်ပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဖက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက်အမွေမှနုတ်၍ သူတို့ဝင်သောအမျိုး၏ အမွေထဲ၌ပါသွားသဖြင့်၊ အကျွန်ုပ်တို့အမွေမြေသည် လျော့ပါလိမ့်မည်။ ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။ ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏စကားသည် လျောက်ပတ်ပေ၏။ ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဖက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှတစ်ပါး၊ အခြားသူနှင့် စုံဖက်ခြင်းကို မပြုစေနှင့်။ ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ နေရကြမည်။ ဣသရေလအမျိုး တစ်စုံတစ်မျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့မိစဉ်ဘဆက် အမျိုးသားနှင့် စုံဖက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့မိစဉ်ဘဆက် အမွေမြေကိုခံစားရကြမည်။ အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေကြရမည်ဟု မိန့်တော်မူ၏။ 10 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏သမီးမာလာ၊ 11 တိရဇာ၊ ဟောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဖက်ကြ၏။ 12 ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဖက်ခြင်းအမှုကိုပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက် အမျိုးတည်နေ၏။ 13 ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။