30
သစ္စာ​ပြု​ခြင်း​ပ​ညတ်​များ
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊ လူယောက်ျားသည် ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်လည်းကောင်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။Ref ၃၀:၂။ တရား ၂၃:၂၁-၂၃။ မ၊ ၅:၃၃။
မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည်ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။ သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
မိန်းမသည် လင်ရှိလျက်၊ သစ္စာကတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊ လင်သည်ကြားလျှင်လည်းကောင်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။ သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာကတိအလုံးစုံတို့သည် တည်ရကြမည်။ 10 လင်အိမ်၌ရှိစဉ်အခါ၊ သစ္စာကတိပြုသော်လည်းကောင်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်လည်းကောင်း၊ 11 လင်သည်ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာကတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။ 12 သို့မဟုတ် လင်သည်ကြားသောနေ့၌ ရှင်းရှင်းပယ်ဖျက်လျှင်၊ သစ္စာကတိနှင့်လည်းကောင်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်လည်းကောင်း ဆိုင်သောစကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။ 13 ခပ်သိမ်းသောသစ္စာကတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သောအခွင့် ရှိ၏။ 14 လင်သည် တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာကတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။ 15 ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှာပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။ 16 1ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌လည်းကောင်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌လည်းကောင်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။