6
အ​လှူ​ဒါ​န
လူများတို့ မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။-Ref ၆:၁။ မ ၂၃:၅။ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ+ ၆း၂ လျှို့ဝှက်သောသူ (သူတော်ကောင်းယောင်ဆောင်သောသူ/ဟန်ဆောင်သောသူ) တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။- သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။-
ဆု​တောင်း​ပတ္ထ​နာ
(လု ၁၁:၂-၄)
သင်သည် ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ ပွဲသဘင် လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။-Ref ၆:၅။ လု ၁၈:၁၀-၁၄။ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။- သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။- ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့ အဘသိတော်မူ၏။- ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။- 10 နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။- 11 အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။- 12 သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။- 13 အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊+ ၆း၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ သို့မဟုတ် "စစ်ကြောစုံစမ်းရာသို့မဦးဆောင်ဘဲ" မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်+ ၆း၁၃ အစိုးပိုင်သော-----အာမင် အချို့ရှေးမူများတွင် "အစိုးပိုင်-----အာမင်" မပါရှိ ဟု ဆုတောင်းကြလော့။- 14 သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။-Ref ၆:၁၄-၁၅။ မာ ၁၁:၂၅-၂၆။ 15 သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။-
အ​စာ​ရှောင်​ခြင်း
16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- 17 ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။- 18 သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။-
ကောင်း​ကင်​ဘဏ္ဍာ
(လု ၁၂:၃၃-၃၄)
19 သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။-Ref ၆:၁၉။ ယာ ၅:၂-၃။ 20 သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက်၊ မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။- 21 အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။-
ကိုယ်​၏​ဆီ​မီး
(လု ၁၁: ၃၄-၃၆)
22 မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။- 23 မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။-
သခင်နှစ်ဦး
(လု ၁၆:၁၃, ၁၂: ၂၂-၃၁)
24 အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြ။-
မစိုးရိမ်ကြနှင့်
25 ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။- 26 မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- 27 အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။-
28 အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- 29 သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီဟု ငါဆို၏။Ref ၆:၂၉။ ၃ရာ ၁၀:၄-၇။ ၆ရာ၊ ၉:၃-၆။ 30 ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- 31 ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။- 32 ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။- 33 ဘုရားသခင်a ၆း၃၃ ဘုရားသခင် အချို့ကျမ်း​စောင်များတွင် ‘‘ဘုရားသခင်’’ မပါ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။- 34 ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏