27
ပိ​လတ်​မင်း​ထံ​သို့
(မာ ၁၅:၁ လု ၂၃:၁-၂ ယော ၁၈:၂၈-၃၂)
နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည် ယေရှုကို သတ်အံ့သောငှာ တိုင်ပင်၍၊- ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။-
ယု​ဒ​ရှ​ကာ​ရုတ်​သေ​ဆုံး​ခြင်း
(တ ၁:၁၈-၁၉)
ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊-Ref ၂၇:၃-၈။ တ ၁:၁၈-၁၉။ အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။- ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တစ်ပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ ထိုငွေနှင့် ဝယ်ကြ၏။- ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။- ပရောဖက်ယေရမိ ဟောသည်ကား၊ ဣသရေလလူတို့သည် အဖိုးဖြတ်သောသူ၏ ကိုယ်ဖိုးငွေသုံးဆယ်ကို သူတို့သည်ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊- 10 အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ရောက်လေ၏။Ref ၂၇:၉-၁၀။ ဇာ ၁၁:၁၂-၁၃။
ပိ​လတ်​မင်း​စစ်​ဆေး​ခြင်း
(မာ ၁၅:၂-၅ လု ၂၃:၃-၅ ယော ၁၈:၃၃-၃၈)
11 ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- 12 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။- 13 ပိလတ်မင်းကလည်း၊ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊- 14 စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။-
ယေရှုကို​သေ​ဒဏ်​စီ​ရင်​ခြင်း
(မာ ၁၅:၆-၁၅ လု ၂၃:၁၄-၂၅ ယော ၁၈:၃၉-၁၉:၁၆)
15 ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။- 16 ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- 17 လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။- 18 အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- 19 ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။- 20 လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။- 21 ထိုကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်းဟု လူများကို တစ်ဖန် မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။- 22 ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။- 23 မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။- 24 ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏+ ၂၇း၂၄ ဤဖြောင့်မတ်သောသူ၏ အချို့ရှေးလက်ရေးမူတွင် "ဖြောင့်မတ်သောသူ၏" မပါ အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-Ref ၂၇:၂၄။ တရား ၂၁:၆-၉။ 25 ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။- 26 ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
စစ်​သား​များပြက်ရယ်ပြု​ခြင်း
(မာ ၁၅:၁၆-၂၀ ယော ၁၉:၂-၃)
27 ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊- 28 အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။- 29 ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 30 ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။- 31 ထိုသို့ ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။-
လက်​ဝါး​ကပ်​တိုင်​တွင်​သတ်​ခြင်း
(မာ ၁၅:၂၁-၃၂ လု ၂၃:၂၆-၄၃ ယော ၁၉:၁၇-၂၇)
32 သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- 33 ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊- 34 ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။-Ref ၂၇:၃၄။ ဆာ ၆၉:၂၁။ 35 ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။-Ref ၂၇:၃၅။ ဆာ ၂၂:၁၈။ 36 ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- 37 အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟုရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။- 38 ထိုအခါ ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
39 လမ်းမှာ သွားလာသောသူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုယ်ကိုကယ်တင်လော့။-Ref ၂၇:၃၉။ ဆာ ၂၂:၇၊ ၁၀၉:၂၅။ 40 ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။-Ref ၂၇:၄၀။ မ ၂၆:၆၁။ ယော၊ ၂:၁၉။ 41 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။- 42 ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။- 43 သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။-Ref ၂၇:၄၃။ ဆာ ၂၂:၈။ 44 ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောဓားပြတို့သည်လည်း ကဲ့ရဲ့အပြစ်တင်ကြ၏။
ယေရှုအ​သက်​ချုပ်​တော်​မူ​ခြင်း
(မာ ၁၅:၃၃-၄၁ လု ၂၃:၄၄-၄၉ ယော ၁၉:၂၈-၃၀)
45 မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- 46 သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။-Ref ၂၇:၄၆။ ဆာ ၂၂:၁။ 47 ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။- 48 လူတစ်ယောက်သည် ချက်ချင်းပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလေ၏။-Ref ၂၇:၄၈။ ဆာ ၆၉:၂၁။ 49 ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆိုကြ၏။- 50 ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။- 51 ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။-Ref ၂၇:၅၁။ ထွ ၂၆:၃၁-၃၃။ 52 သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊- 53 ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။- 54 ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။- 55 ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။-Ref ၂၇:၅၅-၅၆။ လု ၈:၂-၃။ 56 ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
ယေရှုကို​သင်္ဂြိုဟ်​ခြင်း
(မာ ၁၅:၄၂-၄၇ လု ၂၃:၅၀-၅၆ ယော ၁၉:၃၈-၄၂)
57 ညအချိန်ရောက်မှ အရိမဿဲမြို့သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏တပည့်တော်ဖြစ်သည်နှင့်၊- 58 ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊- 59 ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊- 60 ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။- 61 မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
သင်္ချိုင်း​တွင်​အ​စောင့်​ထား​ရှိ​ခြင်း
62 အဖိတ်နေ့လွန်၍ နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ၌ စုဝေး၍၊- 63 ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။-Ref ၂၇:၆၃။ မ ၁၆:၂၁၊ ၁၇:၂၃၊ ၂၀:၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။ 64 ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကို ခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာအကြောင်း ရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်ရှိတော်မူပါဟု လျှောက်ကြလျှင်၊- 65 ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တစ်တပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြဟု ဆိုလေ၏။- 66 ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။