22
မင်္ဂ​လာ​ဆောင်​ပွဲ​ဥ​ပ​မာ
(လု ၁၄:၁၅-၂၄)
တစ်ဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊- ကောင်းကင်နိုင်ငံတော်သည် မိမိသားအဖို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သော မင်းကြီးနှင့် တူ၏။- ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။- တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။- သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။- ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။- ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဖိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊- 10 လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- 11 မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်လျှင်၊- 12 အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- 13 ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။-Ref ၂၂:၁၃။ မ ၈:၁၂၊ ၂၅:၃၀။ လု၊ ၁၃:၂၈။ 14 ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်းသည်ဟု မိန့်တော်မူ၏။
အ​ခွန်​ဆက်​ခြင်း​ပြ​ဿ​နာ
(မာ ၁၂:၁၃-၁၇ လု ၂၀:၂၀-၂၆)
15 ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည် သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊- 16 မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။- 17 သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ ထင်တော်မူသနည်း။ ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။- 18 ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။- 19 အခွန်ငွေတစ်ပြားကို ပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတစ်ပြားကို ယူခဲ့ကြ၏။- 20 ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊- 21 ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- 22 ထိုသူတို့သည် ကြားရလျှင် အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။-
ထ​မြောက်​ရှင်​ပြန်​ခြင်း​ပြ​ဿ​နာ
(မာ ၁၂:၁၈-၂၇ လု ၂၀:၂၇-၄၀)
23 ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊-Ref ၂၂:၂၃။ တ ၂၃:၈။ 24 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။-Ref ၂၂:၂၄။ တရား ၂၅:၅။ 25 အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။- 26 ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဖက်ပြီးမှ သေကြ၏။- 27 နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- 28 သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- 29 ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- 30 ထမြောက်ရာကာလ၌ စုံဖက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။- 31 ကောင်းကင်သားဘုရားသခင်၏+ ၂၂း၃၁ ဘုရားသခင် အချို့ရှေးမူတွင် "ဘုရားသခင်" မပါ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။- 32 ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အားမိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။-Ref ၂၂:၃၂။ ထွ ၃:၆။ 33 ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
ကြီး​မြတ်​သော​ပ​ညတ်​တော်
(မာ ၁၂:၂၈-၃၄ လု ၁၀:၂၅-၂၈)
34 ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊- 35 သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ၊-Ref ၂၂:၃၅-၄၀။ လု ၁၀:၂၅-၂၈။ 36 အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်းဟု မေးလျှောက်သော်၊- 37 ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊-Ref ၂၂:၃၇။ တရား ၆:၅။ 38 ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။- 39 ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။-Ref ၂၂:၃၉။ ဝတ် ၁၉:၁၈။ 40 ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
ဒါဝိဒ်၏သား
(မာ ၁၂:၃၅-၃၇ လု ၂၀:၄၁-၄၄)
41 ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။- 42 အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- 43 သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့်+ ၂၂း၄၃ ဝိညာဉ်တော်အားဖြင့် အချို့ရှေးမူတွင် "ဝိညာဥ်တော်၌" အဘယ်ကြောင့်ခေါ်သနည်း။- 44 ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။-Ref ၂၂:၄၄။ ဆာ ၁၁၀:၁။ 45 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- 46 အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။