16
နိ​မိတ်​လက္ခ​ဏာ​တောင်း​ဆိုခြင်း
(မာ ၈:၁၁-၁၃ လု ၁၂:၅၄-၅၆)
ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။-Ref ၁၆:၁။ မ ၁၂:၃၈။ လု၊ ၁၁:၁၆။ ကိုယ်တော်ကလည်း၊ သင်တို့သည် ညဉ့်ဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခု မိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။-+ ၁၆း၂-၃ "သင်တို့သည် ----- နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ" အချို့ရှေးကျမ်းမူများတွင် မပါ နံနက်ယံ၌ကား၊ ယခု မိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်း ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။- ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှ ထွက်၍ ကြွတော်မူ၏။Ref ၁၆:၄။ မ ၁၂:၃၉။ လု၊ ၁၁:၂၉။
ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး
(မာ ၈:၁၄-၂၁)
တပည့်တော်တို့သည် ကမ်းတစ်ဖက်သို့ သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ၏။- ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။-Ref ၁၆:၆။ လု ၁၂:၁။ တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသောသူတို့၊ သင်တို့၌မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။- မုန့်ငါးလုံးကို လူငါးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်း ကောက်သိမ်းသည်ကိုလည်းကောင်း၊ မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ စားကြွင်း ဘယ်နှစ်​တောင်းကောက်သိမ်းသည်ကို လည်းကောင်း၊-Ref ၁၆:၉။ မ ၁၄:၁၇-၂၁။ 10 သင်တို့သည် နှလုံးမသွင်း မအောက်မေ့ဘဲ နေကြသေးသလော။-Ref ၁၆:၁၀။ မ ၁၅:၃၄-၃၈။ 11 ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။- 12 ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
ပေ​တ​ရုဝန်​ခံ​ချက်
(မာ ၈:၂၇-၃၀ လု ၉:၁၈-၂၁)
13 ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- 14 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖတ်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-Ref ၁၆:၁၄။ မ ၁၄:၁-၂။ မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။ 15 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- 16 ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။-Ref ၁၆:၁၆။ ယော ၆:၆၈-၆၉။ 17 ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- 18 ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။- 19 ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊-Ref ၁၆:၁၉။ မ ၁၈:၁၈။ ယော၊ ၂၀:၂၃။ 20 ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို+ ၁၆း၂၀ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း မှတ်ချက် - အချို့ရှေးကျမ်းမူ "ယေရှု" ခရစ်တော် အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
အ​သေ​ခံ​ရ​မည့်​အ​ကြောင်း
(မာ ၈:၃၁-၉:၁ လု ၉:၂၂-၂၇)
21 ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။- 22 ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊- 23 ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်း ဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူ၏။
24 ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-Ref ၁၆:၂၄။ မ ၁၀:၃၈။ လု၊ ၁၄:၂၇။ 25 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။-Ref ၁၆:၂၅။ မ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။ 26 လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- 27 လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။-Ref ၁၆:၂၇။ မ ၂၅:၃၁။ ဆာ၊ ၆၂:၁၂။ ရော၊ ၂:၆။ 28 ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။