14
ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကွယ်​လွန်​ခြင်း
(မာ ၆:၁၄-၂၉ လု ၉:၇-၉)
ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။-Ref ၁၄:၃-၄။ လု ၃:၁၉-၂၀။ အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။-Ref ၁၄:၄။ ဝတ် ၁၈:၁၆၊ ၂၀:၂၁။ ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။
ထိုနောက်မှ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊- ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။- ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။- မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- 10 လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်စေ၏။- 11 ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- 12 ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။
လူ​ငါး​ထောင်​ကို​ကျွေး​မွေး​ခြင်း
(မာ ၆:၃၀-၄၄ လု ၉:၁၀-၁၇ ယော ၆:၁-၁၄)
13 ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍ လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။- 14 ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏။
15 ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊- 16 ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။- 17 တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့် ငါးကို ယူခဲ့ကြဟု မိန့်တော်မူ၏။- 18 ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟု အမိန့်တော်ရှိ၏။- 19 မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။- 20 တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။- 21 စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိသတည်း။
အိုင်ပေါ်မှာစက်တော်ဖြန့်ခြင်း
(မာ ၆:၄၅-၅၂ ယော ၆:၁၅-၂၁)
22 ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက်သို့ အရင် ကူးစေတော်မူ၏။- 23 စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။- 24 လှေမူကား အိုင်အလယ်၌ရှိ၍+ ၁၄း၂၄ လှေမူကား အိုင်အလယ်၌ရှိ၍ အချို့ရှေးကျမ်းမူ "လှေမူကားကမ်း၏ အဝေးမှရှိနေ၍" လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- 25 ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။- 26 ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။- 27 ယေရှုသည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- 28 ပေတရုကလည်း၊ သခင် ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည်အကြောင်း မိန့်တော်မူပါဟု လျှောက်လျှင်၊- 29 လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- 30 လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။- 31 ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။- 32 လှေပေါ်သို့ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။- 33 လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပြပ်၍ လျှောက်ကြ၏။
ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ​ခြင်း
(မာ ၆:၅၃-၅၆)
34 ကမ်းတစ်ဖက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။- 35 ထိုအရပ်သားတို့သည် မျက်နှာတော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ် ရှိသမျှသို့ စေလွှတ်သဖြင့် လူနာရှိသမျှတို့ကို ဆောင်ခဲ့၍၊- 36 အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။