11
ယော​ဟန်​ထံ​မှ​စေ​တ​မန်​များ
(လု ၇:၁၈-၃၅)
ထိုသို့ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို အကုန်အစင် မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမဩဝါဒ ပေးခြင်းငှာလည်းကောင်း၊ သတင်းကြားပြောခြင်းငှာလည်းကောင်း၊ ထိုအရပ်မှ ကြွတော်မူ၏။
ခရစ်တော်ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊-+ ၁၁း၂ မိမိတပည့်နှစ်ယောက်ကိုစေလွှတ်၍ မှတ်ချက် - အချို့ရှေးကျမ်းမူ - "မိမိတပည့်များဖြင့် စေလွှတ်၍" ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။- မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။-Ref ၁၁:၅။ ဟေရှာ ၃၅:၅-၆၊ ၆၁:၁။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။-
ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။- ပရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။- 10 ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။-Ref ၁၁:၁၀။ မာလ ၃:၁။
11 ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။- 12 ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။-Ref ၁၁:၁၂-၁၃။ လု ၁၆:၁၆။ 13 ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း ရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။- 14 သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတ္တံ့သော ဧလိယဖြစ်သတည်း။-Ref ၁၁:၁၄။ မာလ ၄:၅။ မ၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။ 15 ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ။-
16 ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်းတို့အား အသံကိုလွှင့်၍၊- 17 ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- 18 အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုးစွဲသောသူ ပါတကားဟု ဆိုကြ၏။- 19 လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူ ပါတကားဟု ဆိုပြန်ကြ၏။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည်+ ၁၁း၁၉ ပညာတရားသည် မိမိသားတို့တွင်ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည် မှတ်ချက် အချို့ရှေးကျမ်းမူ - ပညတ်တရားသည် မိမိအမှုတော်အားဖြင့် ဟု မိန့်တော်မူ၏။
နောင်တမရသော​မြို့​များ
(လု ၁၀:၁၃-၁၅)
20 ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။- 21 အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့်လူးလျက် နောင်တ ရကြလိမ့်မည်။-Ref ၁၁:၂၁။ ဟေရှာ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၂၆။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၂-၄။ 22 ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတ္တံ့။- 23 အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။-Ref ၁၁:၂၃။ ဟေရှာ ၁၄:၁၃-၁၅။ က၊ ၁၉:၂၄-၂၈။ 24 ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့ဟု မိန့်တော်မူ၏။-Ref ၁၁:၂၄။ မ ၁၀:၁၅။ လု၊ ၁၀:၁၂။
ငါ​သည်​ချမ်း​သာ​ပေး​မည်။
(လု ၁၀:၂၁-၂၂)
25 ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်းပါ၏။- 26 ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။- 27 ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီး။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။-Ref ၁၁:၂၇။ ယော ၃:၃၅၊ ၁:၁၈၊ ၁၀:၁၅။ 28 ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- 29 ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-Ref ၁၁:၂၉။ ယေ ၆:၁၆။ 30 အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။-