12
ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​
(၆ရာ ၂၄:၁-၁၆)
ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ ယဇ်ပုရောဟိတ် ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့သွင်းသော အလှူဥစ္စာကိုရောင်း၍ ရသောငွေ၊ စာရင်းဝင်သောသူတိုင်း ကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဖိုးဖြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊Ref ၁၂:၄။ ထွ ၃၀:၁၁-၁၆။ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်းခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှတို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော်မူ၏။ သို့သော်လည်း ယောရှမင်းကြီး နန်းစံနှစ်ဆယ်သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။ ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒနှင့် အခြားသော ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲနေကြသနည်း။ နောက်တစ်ဖန် အသိအကျွမ်းလှူသော ငွေကို ကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဖို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် နောက်တစ်ဖန် လူများလှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟု ဝန်ခံကြ၏။ ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကိုယူ၍ အဖုံးကိုဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်း လက်ယာဘက်ယဇ်ပလ္လင်နားမှာ ထားလေ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါးစောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။ 10 ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည်လာ၍ ဗိမာန်တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။ 11 ထိုသို့ ချိန်ထားသောငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ်သော လက်သမား၊ 12 ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသောအတွက် ပေးဝေကြ၏။ 13 ဗိမာန်တော်အဖို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ်သေး။ 14 အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။ 15 အလုပ်လုပ်သောသူတို့အားပေးစေခြင်းငှာ၊ ငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။Ref ၁၂:၁၅။ ၄ရာ ၂၂:၇။ 16 ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။Ref ၁၂:၁၆။ ဝတ် ၇:၇။
17 ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ကို စစ်ချီ၍တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှာ အားထုတ်လေ၏။ 18 ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော်တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်းစေသမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာတွင် တွေ့သမျှသောရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလထံသို့ ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကိုထား၍ သွား၏။ 19 ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 20 ထိုမင်း၏ကျွန် ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သားယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင် ယောရှကို သေအောင်လုပ်ကြံ၍၊ 21 ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။