ယောရှုမှတ်စာ။
1
ခါနာန်ကိုအောင်မြင်ရန်ပြင်ဆင်ခြင်း
ထာဝရဘုရား၏ကျွန်မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊ ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။ မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်းသမျှသောမြေကို သင်တို့အားငါပေးမည်။Ref ၁:၃-၅။ တရား ၁၁:၂၄-၂၅။ တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။ သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။Ref ၁:၅။ တရား ၃၁:၆၊၈။ ဟေဗြဲ၊ ၁၃:၅။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။Ref ၁:၆။ တရား ၃၁:၆၊ ၇၊ ၂၃။ သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
10 ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကိုခေါ်၍၊ 11 တပ်တစ်လျှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ်တစ်ဖက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည်အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထားလေ၏။
12 တစ်ဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတစ်ဝက်တို့ကိုခေါ်၍၊ 13 ထာဝရဘုရား၏ကျွန်မောရှေသည်၊ သင်တို့အားမှာထားသောစကားဟူမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌နေရာချတော်မူပြီ။ 14 သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန်များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသောပြည်၌ နေရစ်ရကြမည်။ 15 ထာဝရဘုရားသည် သင်တို့အားနေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ဝင်စားရကြမည်ဟု ပြောဆို၏။Ref ၁:၁၂-၁၅။ တော ၃၂:၂၈-၃၂။ တရား၊ ၃:၁၈-၂၀။ ယောရှု၊ ၂၂:၁-၆။ 16 ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူသမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှသော အရပ်သို့ သွားပါမည်။ 17 အရာရာတို့၌ မောရှေ၏စကားကိုနားထောင်သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါမည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။ 18 အာဏာတော်ကိုဆန်၍၊ မှာထားတော်မူသမျှသောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော်မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယောရှုအားပြန်လျှောက်ကြ၏။