47
ဖိ​လိတ္တိ​တို့အပေါ်တရားစီရင်ခြင်း
ဖာရောဘုရင်သည် ဂါဇမြို့ကိုမလုပ်ကြံမီ၊ ဖိလိတ္တိအမျိုးသားတို့ကိုရည်မှတ်၍၊ ပရောဖက်ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊Ref ၄၇:၁-၇။ ဟေရှာ ၁၄:၂၉-၃၁။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ်ဖြစ်လျက်၊ တစ်ပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကိုလည်းကောင်း၊ မြို့နှင့် မြို့၌နေသော သူတို့ကိုလည်းကောင်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။ ရန်သူစီးသော မြင်းခွာသံ၊ စိုင်းသောရထားဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကို ပြန်မကြည့်ကြ။ အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူအကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည်ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန်ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ ဂါဇမြို့သည် ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန်မြို့နှင့် ကျန်ကြွင်းသော ချိုင့်အရပ်သည် ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည်နည်း။ အို ထာဝရဘုရား၏ဓားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ်အိမ်၌ ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရားမှာထားတော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှာ ခန့်ထားတော်မူ၏။