45
ဗာ​ရုတ်​အတွက်က​တိ​တော်
ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည်အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ်ကပတ်တော်ဟူမူကား၊Ref ၄၅:၁။ ၄ရာ ၂၄:၁။ ၆ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။ 2-4 အိုဗာရုတ်၊ သင်က၊ ငါသည် အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာ တစ်ပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟုဆိုသည်ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက်သောအရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ငါနုတ်ပစ်မည်။ သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည် ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာရာအရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။