41
သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာသား နာသနိ၏သားဣရှမေလသည်၊ လူတစ်ကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌ တစ်စုတည်းစားသောက်ကြ၏။Ref ၄၁:၁-၃။ ၄ရာ ၂၅:၂၅။ ထိုအခါ နာသနိသား ဣရှမေလနှင့် ထိုလူတစ်ကျိပ်တို့သည်ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ဓားနှင့်ခုတ်၍သတ်ကြ၏။ ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိထံ၌ရှိသော ယုဒလူအပေါင်းတို့ကိုလည်းကောင်း၊ တွေ့သမျှသော ခါလဒဲစစ်သူရဲ တို့ကိုလည်းကောင်း သတ်လေ၏။ ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှမသိသေးသဖြင့်၊ ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။ ထိုသူတို့ကို ကြိုဆိုအံ့သောငှာ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံသို့ လာကြလော့ဟု ခေါ်လေ၏။ မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။ ထိုသူတို့တွင်ပါသော လူတစ်ကျိပ်တို့က၊ အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်းဟူသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည် တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကို သူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။ ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အလောင်းများကို ပစ်ချသောတွင်းသည် အခြားတွင်းမဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာကို ကြောက်၍တူးသောတွင်း ဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အလောင်းများနှင့် ပြည့်စေ၏။ 10 ထိုအခါ အဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည်သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
11 ထိုသို့ နာသနိသား ဣရှမေလပြုသော အမှုဆိုးအလုံးစုံတို့ကို၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှသော တပ်မှူးတို့သည်ကြားလျှင်၊ 12 လူအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကိုတိုက်ခြင်းငှာ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နားမှာ တွေ့လေ၏။ 13 ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသားယောဟနန်နှင့် သူ၌ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။ 14 ထိုအခါ မိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။ 15 နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။ 16 ထိုသို့ အဟိကံသား ဂေဒလိကိုသတ်ပြီးသည်နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသားဣရှမေလလက်မှလည်းကောင်း၊ မိဇပါမြို့မှလည်းကောင်းနုတ်၍ ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှဆောင်ခဲ့ပြန်၍၊ 17 ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ ပြောင်းမည်အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့ သွား၍နေကြ၏။ 18 အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန်ရှင်ဘုရင်ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိသားဣရှမေလ သတ်သောကြောင့်၊ ခါလဒဲလူတို့ကိုကြောက်ကြ၏။