28
ယေ​ရ​မိ​နှင့်​ဟာ​န​နိ
ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိ နန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇုရသားဟာနနိက၊Ref ၂၈:၁။ ၄ရာ ၂၄:၁၈-၂၀။ ၆ရာ၊ ၃၆:၁၁-၁၃။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ရှေ့မှာ ငါ့အားပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ဗိမာန်တော်၌ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊ အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရဘုရားသည် တစ်ဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသောစကား မှန်ကြောင်းကို ပြတော်မူပါစေသော။ သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသောစကားကို နားထောင်လော့။ ငါတို့မဖြစ်မီ ရှေးကာလ၌ဖြစ်ဖူးသော ပရောဖက်တို့သည်၊ များပြားသောပြည်၊ အားကြီးသော တိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါမည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။ ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။ 10 ထိုအခါ ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိလည်ပင်းမှ ထမ်းပိုးကိုယူ၍ ချိုးလျက်၊ 11 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတင်သောထမ်းပိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်းတို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
12 ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိ၏လည်ပင်းမှ ထမ်းပိုးကို ချိုးပယ်သောနောက်၊ တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ 13 သင်သွား၍ ထာဝရဘုရား၏အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သားထမ်းပိုးအစား၊ သံထမ်းပိုးကို လုပ်ရမည်။ 14 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုခံစေခြင်းငှာ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ငါအပ်ပေးပြီဟု မိန့်တော်မူ၏။ 15 ပရောဖက်ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသား၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။ 16 ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ထာဝရဘုရားကိုပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည်သေရမည်ဟု ပရောဖက်ဟာနနိအားပြောဆို၏။ 17 ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌သေလေ၏။