2
ကာ​န​မြို့​မင်္ဂ​လာ​ဆောင်​ပွဲ
သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။- စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။- ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။- မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။- ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။- ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။- ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။- ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊- 10 အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- 11 ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
12 ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊Ref ၂:၁၂။ မ ၄:၁၃။
ဗိ​မာန်​တော်​သို့​၀င်သွား​ခြင်း
(မ ၂၁:၁၂-၁၃ မာ ၁၁:၁၅-၁၇ လု ၁၉:၄၅-၄၆)
13 ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-Ref ၂:၁၃။ ထွ ၁၂:၁-၂၇။ 14 ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသော သူတို့ကိုလည်းကောင်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကိုလည်းကောင်း တွေ့တော်မူလျှင်၊- 15 ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- 16 ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲ+ ၂း၁၆ ပွဲတဲ၊ ပွဲတဲ = ဈေးရုံ (၁၉၃၃ ခုနှစ်ထုတ်မြန်မာသမ္မာကျမ်းစာ) မလုပ်ကြနှင့်ဟု မိန့်တော်မူ၏။- 17 ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။Ref ၂:၁၇။ ဆာ ၆၉:၉။
18 ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- 19 ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။-Ref ၂:၁၉။ မ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။ 20 ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။- 21 ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။- 22 ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့်၊ ကျမ်းစာကိုလည်းကောင်း၊ ယေရှု၏ နှုတ်ကပတ်တော်ကိုလည်းကောင်း ယုံကြ၏။
လူအ​ကြောင်း​ကို​သိ​ခြင်း
23 ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- 24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- 25 လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။