3
နိနေဝေမြို့နောင်တရခြင်း
နောက်တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနသို့ ရောက်လာသည်ကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ ဖြစ်သတည်း။ ယောနသည် မြို့ထဲသို့ဝင်၍ တစ်နေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။Ref ၃:၄-၅။ မ ၁၂:၄၁။ လု၊ ၁၁:၃၂။
နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကိုယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်း မမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။ လူသတ္တဝါ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။ 10 မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။