19
လေ​ဝိ​အ​မျိုး​သား​နှင့်​မ​ယား​ငယ်​
ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတစ်ယောက်ကို သိမ်းယူ၏။ ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့သွားသဖြင့် လေးလနေလေ၏။ လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။ ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။ စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှာ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကိုစား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည်အတိုင်း၊ နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ညကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊ သမက်သည် သွားအံ့သောငှာ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။ ပဥ္စမနေ့ရက် နံနက်စောစောသွားအံ့သောငှာ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟုဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။ ထိုသူသည် မယားငယ်နှင့် ငယ်သားကိုခေါ်၍ သွားအံ့သောငှာ ထပြန်သောအခါ၊ သူ၏ယောက္ခမဖြစ်သော ထိုမိန်းမ၏အဘက၊ ကြည့်ပါ၊ မိုးချုပ်လုပြီ။ ယနေ့ညကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန်နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊ 10 သမက်သည် ထိုညကိုမလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်းပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။ 11 ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုးချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိလူနေရာ ဤမြို့သို့ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊ 12 သခင်က၊ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားနေသော မြို့သို့မဝင်၊ ဂိဗာမြို့သို့သွားဦးမည်။ 13 ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစ်စုံတစ်ခုသောအရပ်၌ ညကိုလွန်စေခြင်းငှာ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊ 14 ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။ 15 ဂိဗာမြို့မှာ ညကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
16 ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသား ဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတစ်ယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဉ့်ဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊ 17 မျှော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တစ်ယောက်ရှိသည်ကို မြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်က လာသနည်းဟု မေးသော်၊ 18 ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သား ဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခု ထာဝရဘုရား၏အိမ်တော်သို့သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။ 19 သို့ရာတွင် မြည်းဖို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော်ကျွန်မ လိုက်လာသော ငယ်သားဖို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစ်စုံတစ်ခုမျှ မလိုပါဟု ပြောဆို၏။ 20 လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာရှိစေတော့။ လမ်းမှာညကို မလွန်စေနှင့်ဟုဆိုလျက်၊ 21 မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကိုကျွေးလေ၏။ သူတို့သည် ခြေကိုဆေး၍ စားသောက်ကြ၏။
22 ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကိုရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။ 23 အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။ 24 အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏ မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက်ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊Ref ၁၉:၂၂-၂၄။ က ၁၉:၅-၈။ 25 သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ်၍အပ်သဖြင့်၊ သူတို့သည် တစ်ညလုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချပြီးမှ အရုဏ်တက်မှ လွှတ်လိုက်ကြ၏။ 26 အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုးလင်းသည်တိုင်အောင် လဲနေ၏။ 27 နံနက်အချိန်ရောက်မှ သူ၏သခင်သည်ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှာ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည် မြင်သော်၊ 28 ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကိုမြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။ 29 မိမိအိမ်သို့ ရောက်သောအခါ ဓားကိုယူ၍ မယားငယ်အလောင်းကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည်တစ်လျှောက်လုံးသို့ ပေးလိုက်လေ၏။Ref ၁၉:၂၉။ ၁ရာ ၁၁:၇။ 30 သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တစ်ခါမျှ မဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင်စီရင်ကြလော့ဟု ပြောဆိုကြ၏။