4
စိတ်​ဝိ​ညာဉ်​ကိုစုံစမ်းခြင်း
ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။- ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။- လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်+ ၄း၃ "လူဇာတိအားဖြင့်---ယေရှုခရစ်ကိုဝန်မခံသောဝိညာဥ်---" အချို့ "---------ယေရှုခရစ်နှင့် ဝေးရာပြုသောဝိညာဥ်---" မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။- ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။- ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။- ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကိုလည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။
ဘု​ရား​သ​ခင်​၏ချစ်​ခြင်း​မေတ္တာ
ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။- ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။- သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။- 10 ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။- 11 ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။- 12 ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။- 13 ဘုရားသခင်သည် ဝိညာဉ်တော်၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကိုလည်းကောင်း သိရကြ၏။- 14 လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှာ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင်၍ သက်သေခံကြ၏။
15 ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။- 16 ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။- 17 ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။- 18 ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။- 19 ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။- 20 တစ်စုံတစ်ယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသားကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။- 21 ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။