3
ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ
ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။+ ၃း၁ "---အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။" အချို့ "-----ဆင်ခြင်ကြလော့။ ဤသည်ကား ငါတို့ပင်တည်း" လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။- ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတ္တံ့။- ထိုသို့ မျှော်လင့်သောသူမည်သည်ကား၊ ကိုယ်တော် သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုယ်ကို သန့်ရှင်းစေတတ်၏။
ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။- ကိုယ်တော်သည် ငါတို့၏အပြစ်များကို+ ၃း၅ "ကိုယ်တော်သည် ငါတို့၏အပြစ်များကို--" အချို့ = "------ဤလောက၏အပြစ်များကို---" ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။- ကိုယ်တော်၌တည်နေသောသူ မည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော်ကိုမသိ မမြင်ရသေး။- ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော် ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။- မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။- ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။- 10 ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူ မည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။
အ​ချင်း​ချင်း​ချစ်​ကြ​လော့
11 သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။- 12 ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်း ဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။
13 ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။- 14 ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။-+ ၃း၁၄ "မိမိညီအစ်ကိုကို မချစ်သောသူသည်သေခြင်း၌တည်၏။" အချို့ = "မချစ်သောသူသည်---" 15 မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။- 16 ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။- 17 အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ရဲ​ရင့်ခွင့်
18 ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။- 19 ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။- 20 အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။- 21 ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့် ရှိကြ၏။- 22 ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှရကြ၏။- 23 ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော် ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။- 24 ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကို သိရကြ၏။