2
ငါ​တို့အမှုဆောင်သခင်
ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။- ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။- ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။- ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။- ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။- ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။
ပ​ညတ်​သစ်
ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။- တစ်ဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ သင်တို့အားဖြင့်လည်းကောင်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။- မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။- 10 မိမိညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌မရှိ။- 11 မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။- 12 ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- 13 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- 14 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။- 15 လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။- 16 လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။- 17 လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။
ခ​ရစ်​တော်​၏​ရန်​သူ
18 ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- 19 ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။- 20 သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။-+ ၂း၂၀ "---ဘိသိက်ကျေးဇူးတော်ကိုခံရ၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။" (ဂရိ) = anointing အချို့ "------သင်တို့အားလုံး၌ သိကျွမ်းခြင်းပညာရှိ၏" 21 သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကိုလည်းကောင်း၊ မုသားရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကိုလည်းကောင်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။- 22 မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။- 23 သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။- 24 ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း၊ တည်ရကြလိမ့်မည်။
25 ငါတို့အား ပေးတော်မူသော+ ၂း၂၅ "ငါတို့အားပေးတော်မူသော---" အချို့ "သင်တို့အား----" ကတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ကတိတော်ပေတည်း။- 26 သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။- 27 သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။- 28 ချစ်သားတို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသောအခွင့် ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။
29 ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သည်ကို သိရကြ၏။