63
ထာ​ဝ​ရ​ဘု​ရား၏ချေ​မှုန်း​ခြင်း
တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှ လာသောဤသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။Ref ၆၃:၁။ ဟေရှာ ၃၄:၅-၁၇။ ယေ၊ ၄၉း၇-၂၂။ ယေဇ၊ ၂၅း၁၂-၁၄၊ ၃၅း၁-၁၅။ အာ၊ ၁း၁၁-၁၂။ ဩ၊ ၁-၁၄။ မာလ၊ ၁း၂-၅။
ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။
ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။
စပျစ်သီးကို ငါတစ်ယောက်တည်း နင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။Ref ၆၃:၃။ ဗျာ ၁၄:၂၀၊ ၁၉:၁၃၊ ၁၅။ အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနုတ်သော သူတို့၏နှစ်သည် ရောက်လာပြီ။ ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။Ref ၆၃:၅။ ဟေရှာ ၅၉:၁၆။ လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်ပြီ။
ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​
ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။ အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို ကယ်နုတ်တော်မူ၏။ အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော် ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။ 10 သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။ 11 ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊ 12 မောရှေ၏လက်ယာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှာ၊ သူတို့ရှေ့မှာ ရေကိုခွဲသဖြင့်၊Ref ၆၃:၁၂။ ထွ ၁၄:၂၁။ 13 လွင်ပြင်၌ မြင်းကိုနှင်သကဲ့သို့၊ အဆီးအတားမရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ 14 ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှာ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
က​ရု​ဏာ​ထား​၍​ကူ​မ​တော်​မူ​ရန်​ ဆု​တောင်း​ပတ္ထ​နာ​
15 ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော်အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။ 16 အာဗြဟံသည် အကျွန်ုပ်တို့ကို မသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနုတ်သောဘုရား ဖြစ်တော်မူ၏။ 17 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။ 18 ကိုယ်တော်၏သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်းကြသည်ဖြစ်၍၊ 19 အကျွန်ုပ်တို့သည် ကိုယ်တော် မအုပ်စိုးဖူးသော သူကဲ့သို့လည်းကောင်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဖူးသော သူကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။