54
ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​
သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသောမိန်းမထက် သာ၍များသောသားတို့ကို ဖွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။Ref ၅၄:၁။ ဂလ ၄:၂၇။ သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။ အကြောင်းမူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသောမြို့တို့၌ နေကြလိမ့်မည်။ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာ မပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်၍ ခံရသောကဲ့ရဲ့ခြင်းကို နောက်တစ်ဖန် မအောက်မေ့ရ။ အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း။ သင့်ကိုရွေးနုတ်သောသူသည် ဣသရေလအမျိုး၌ သန့်ရှင်းသောဘုရား ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံးကို အစိုးရသောဘုရားဟူ၍ ခေါ်ရကြ၏။ စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သောမိန်းမကို တစ်ဖန်ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့်တော်မူ၏။ သင့်ကို ခဏသာငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် တစ်ဖန်သိမ်းဆည်းဦးမည်။ ပြင်းစွာသောအမျက်ထွက်၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကို ရွေးနုတ်သော ထာဝရဘုရားမိန့်တော်မူ၏။ နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တစ်ဖန် မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။Ref ၅၄:၉။ က ၉:၈-၁၇။ 10 တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
ယေ​ရု​ရှ​လင်​မြို့​သစ်​
11 အို ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်းတိုက်ခြင်းကိုခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏တိုက်ကို ဟင်္သာပဒါးသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်လည်းကောင်း၊Ref ၅၄:၁၁-၁၂။ ဗျာ ၂၁:၁၈-၂၁။ 12 ပြအိုးတို့ကို ကျောက်နီဖြင့်လည်းကောင်း၊ တံခါးတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်လည်းကောင်း ငါပြီးစေမည်။ 13 သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။Ref ၅၄:၁၃။ ယော ၆:၄၅။ 14 သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက်ရ။ 15 ငါ၏အခွင့်မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။ 16 မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသော လက်နက်ကိုလုပ်တတ်သော ပန်းပဲကိုလည်းကောင်း၊ ဖျက်ဆီးစေခြင်းငှာ ဖျက်ဆီးသောသူကိုလည်းကောင်း ငါဖန်ဆင်း၏။ 17 သင့်တစ်ဖက်၌ လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကိုခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။