4
သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မတို့ကိုမောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
ယေ​ရု​ရှ​လင်​မြို့ဘုန်းအသရေ
ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော ဣသရေလအမျိုးသားတို့အဖို့၊ မြေအသီးအနှံသည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်။ ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊ ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကိုဆေးကြော၍၊ ယေရုရှလင်မြို့၏အသွေးကို မြို့ထဲက ပယ်ရှား​တော်မူပြီးလျှင်၊ ဇိအုန် တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာ ရှိသမျှသောအိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ်တွင်၊ နေ့အချိန်၌ မိုးတိမ်နှင့် မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ မီးလျှံအလင်းကိုလည်းကောင်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။Ref ၄:၅။ ထွ ၁၃:၂၁၊ ၂၄:၁၅။ နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်းရောက်မှ လုံခြုံသောခိုလှုံရာ ဖြစ်လိမ့်မည်။