36
ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​
(၅ရာ ၁:၃၄-၃၇)
ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊Ref ၃၆:၂။ က ၂၆:၃၄။ ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တစ်ယောက်နှင့်လည်းကောင်း၊ အိမ်ထောင်လေ၏။Ref ၃၆:၃။ က ၂၈:၉။ ဧသောမယား အာဒဖွားသောသားကား ဧလိဖတ်၊ ဗာရှမတ် ဖွားသောသားရွေလတည်း။ အဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းကောင်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကိုလည်းကောင်း၊ ခါနာန်ပြည်၌ရတတ်သော ဥစ္စာရှိသမျှတို့ကိုလည်းကောင်းယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။ အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တစ်ရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။ သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။
စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ 10 ဧသော၏သားတို့အမည်ကား၊ မယားအာဒဖွားသောသားဧလိဖတ်၊ မယားဗာရှမတ်ဖွားသောသားရွေလတည်း။ 11 ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တည်း။ 12 ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။ 13 ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။ 14 ဇိဘောင်သား အာန၏သမီး၊ ဧသောမယားအဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
15 ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊ 16 ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည်အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားဖြစ်သတည်း။ 17 ဧသောသားရွေလ၏သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယားဗာရှမတ်၏အနွယ်၊ ဧဒုံပြည်၌ ရွေလရသောသားဖြစ်သတည်း။ 18 ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။ 19 ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
စိ​ရ​၏​အ​ဆက်​အ​နွယ်​များ​
(၅ရာ ၁:၃၈-၄၂)
20 ထိုပြည်၌နေသောဟောရိအမျိုး၊ စိရ၏သားကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ 21 ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည်၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူဖြစ်သတည်း။ 22 လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။ လောတံနှမကား တိမနတည်း။ 23 ရှောဗလသားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံတည်း။ 24 ဇိဘောင်သားကား၊ အာယနှင့် အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသောအခါ၊ တော၌နွေးသောစမ်းရေတွင်းတို့ကိုတွေ့သော သူပေတည်း။ 25 အာနသားကား၊ ဒိရှုန်နှင့် သမီးအဟောလိဗာမတည်း။ 26 ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။ 27 ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ 28 ဒိရှန်သားကား၊ ဥဇနှင့် အာရန်တည်း။ 29 ဟောရိအမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ 30 ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့သည် စိရပြည်၌ ဗိုလ်လုပ်သောသူတို့တွင်၊ ဟောရိအမျိုးဗိုလ်ဖြစ်သတည်း။
ဧ​ဒုံ​ဘု​ရင်​များ​
(၅ရာ ၁:၄၃-၅၄)
31 ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ၊ ဧဒုံပြည်၌အစိုးရသောမင်းကြီးဟူမူကား၊ 32 ဗောရသားဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။ 33 ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား၊ ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။ 34 ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။ 35 ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။ 36 ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက်အရပ်သား စာမလသည် မင်းပြုလေ၏။ 37 စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။ 38 ရှောလမင်းသေ၍သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။ 39 အာခဗော်သားဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည်မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မြောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီးမဟေတဗေလတည်း။
40 ဧသောမှဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသောဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ 41 ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ 42 ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ 43 ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည်မိမိနေရာအရပ်၊ မိမိပိုင်သောပြည်၌၊ ဧဒုံဗိုလ်များဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏အဘဖြစ်သတည်း။