ကမ္ဘာ​ဦး​ကျမ်း။
1
အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကိုဖန်​ဆင်း​တော်​မူ​၏။
မြေ​ကြီး​သည် အ​ဆင်း​သဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာလှုပ်​ရှား​တော်​မူ​၏။
ဖန်​ဆင်း​ခြင်း
Ref ၁:၃။ ၂ကော ၄:၆။ ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။ ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်းခြား​ခွဲ​ထား​တော်​မူ​၏။ အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်းကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အ​မည်​ဖြင့်​လည်းကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦးနှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။
တ​စ်ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သဖြင့်၊ မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။ Ref ၁:၆-၈။ ၂ပေ ၃:၅။ မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။
တ​စ်ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 10 ကုန်း​ကို​မြေ​ဟူ​သောအ​မည်​ဖြင့်​လည်းကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်းကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။
11 တ​စ်ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်းကောင်း၊ စ​ပါး​သီး​ကိုဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်းကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကိုဖြစ်​စေ​သော သစ်​ပင်​ကို​လည်းကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 12 မြေ​သည်​မြက်​ပင်​ကို​လည်းကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်းကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်းကောင်း ပေါက်​စေ​၏။ 13 ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်ဦး​နှင့် နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။
14 တ​စ်ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့် ညကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိမိတ်​လက္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အ​ပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။ 15 မိုး​ကောင်း​ကင်မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်အ​တိုင်း​ဖြစ်​လေ​၏။
16 ထို​သို့ ဘု​ရား​သ​ခင်​သည် အ​လင်း​အိမ်​ကြီး နှစ်​လုံး​တည်း​ဟူ​သော နေ့​ကို​အုပ်​စိုး​ရ​သော​အ​ကြီး​တ​စ်လုံး၊ ည​ကို​အုပ်​စိုး​ရ​သော အ​ငယ်​တ​စ်လုံး​နှင့်​တ​ကွ ကြယ်​များ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ 17 မြေ​ကြီး​၌ လင်း​စေ​ခြင်း​ငှာ​လည်းကောင်း၊ နေ့​နှင့် ညကိုအုပ်​စိုး​၍ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ​လည်းကောင်း၊ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ ဘု​ရား​သ​ခင် ထား​တော်​မူ​၏။ 18 ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ 19 ညဉ့်ဦး​နှင့် နံ​နက်​သည် စ​တုတ္ထ​နေ့​ရက်ဖြစ်​လေ​၏။
20 တ​စ်ဖန်​ဘု​ရား​သ​ခင်​က အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရစ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ 21 ထို​သို့​လျှင်​ရေ​သည် တိ​ရစ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​လည်းကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်းကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အမှုအရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ 22 ဘု​ရား​သ​ခင်​က​လည်း များ​ပြား​စွာ မွေးဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရစ္ဆာန်​တို့​ကို ကောင်း​ကြီး​ပေး​တော်​မူ​၍၊ 23 ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။
24 တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​မျိုး​တည်း​ဟူ​သော သား​ယဉ်​တို့​ကို​လည်းကောင်း၊ တွား​တတ်​သော​တိ​ရစ္ဆာန်​တို့​ကို​လည်းကောင်း၊ သား​ရဲ​မျိုး​တို့​ကို​လည်းကောင်း၊ မွေး​ဖွား​စေ​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 25 ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရစ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။
26 Ref ၁:၂၆။ ၁ကော ၁၁:၇။ တစ်​ဖန်​ဘု​ရား​သ​ခင်​က ငါ​တို့​ပုံ​သဏ္ဌာန်​နှင့် တ​ညီ တ​သဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်းကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်းကောင်း၊ သား​ယဉ်​တို့​ကို​လည်းကောင်း၊ မြေ​တ​စ်ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သောတိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​လည်းကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ 27 Ref ၁:၂၇။ မ ၁၉:၄။ မာ၊ ၁၀:၆။ ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ 28 Ref ၁:၂၇-၂၈။ က ၅:၁-၂။ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေ​ကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်းကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်းကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​လည်းကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ကြီး​ပေး​တော်​မူ​၏။
29 ဘု​ရား​သ​ခင်​က​လည်း ကြည့်​ရှု​လော့။ မြေ​တ​စ်ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်းကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်းကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။ 30 မြေ​သား၊ မိုး​ကောင်း​ကင်​ငှက်၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရစ္ဆာန်​မျိုး​အ​ပေါင်း​တို့​စား​စ​ရာ​ဖို့၊ မြက်​ပင်​အ​မျိုး​မျိုး​တို့​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ 31 ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကိုကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဥ့်ဦး​နှင့် နံ​နက်​သည် ဆ​ဌမ​နေ့​ရက်​ဖြစ်​လေ​၏။