23
တ​ရား​မျှ​တ​ရေး​
သင်သည် မှားသောသတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကိုမခံရ။Ref ၂၃:၁။ ထွ ၂၀:၁၆။ ဝတ်၊ ၁၉:၁၁-၁၂။ တရား၊ ၅:၂၀။ လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။ ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။Ref ၂၃:၃။ ဝတ် ၁၉:၁၅။ သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။Ref ၂၃:၄-၅။ တရား ၂၂:၁-၄။ သင့်ကို မုန်းသောသူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်မစီရင်ရ။ မဟုတ်မမှန်သောအမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။ သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏စကားကို လွဲစေတတ်၏။Ref ၂၃:၆-၈။ ဝတ် ၁၉:၁၅။ တရား၊ ၁၆:၁၉။ တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။Ref ၂၃:၉။ ထွ ၂၂:၂၁။ ဝတ်၊ ၁၉:၃၃-၃၄။ တရား၊ ၂၄:၁၇-၁၈၊ ၂၇:၁၉။
သတ္တမ​နှစ်​နှင့်​ သတ္တမ​နေ့​
10 ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။ 11 သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။Ref ၂၃:၁၀-၁၁။ ဝတ် ၂၅:၁-၇။ 12 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။Ref ၂၃:၁၂။ ထွ ၂၀:၉-၁၁၊ ၃၁:၁၅၊ ၃၄:၂၁၊ ၃၅:၂။ ဝတ်၊ ၂၃:၃။ တရား၊ ၅:၁၃-၁၄။ 13 ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတစ်ပါးမကြားစေနှင့်။
ပွဲ​တော်​ကြီး​သုံး​ခု​
(ထွ ၃၄:၁၈-၂၆ တ​ရား ၁၆:၁-၁၇)
14 တစ်နှစ်တွင်သုံးကြိမ် ငါ့အဖို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ 15 အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။Ref ၂၃:၁၅။ ထွ ၁၂:၁၄-၂၀။ ဝတ်၊ ၂၃:၆-၈။ တော၊ ၂၈:၁၇-၂၅။ 16 လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကိုလည်းကောင်း ခံရမည်။Ref ၂၃:၁၆။ (က)။ ဝတ် ၂၃:၁၅-၂၁။ တော၊ ၂၈:၂၆-၃၁။ (ခ)။ ဝတ်၊ ၂၃:၃၉-၄၃။ 17 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တစ်နှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။ 18 ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။ 19 သင်၏မြေ၌ အဦးသီးသောအသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။Ref ၂၃:၁၉။ တရား ၂၆:၂။ ထွက်၊ ၃၄:၂၆။ တရား၊ ၁၄:၂၁။
က​တိ​တော်​နှင့်​ညွှန်​ကြား​ချက်​များ​
20 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။ 21 ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။ 22 အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။ 23 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။ 24 သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။ 25 သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ကောင်းချီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နုတ်ယူပယ်ရှားတော်မူမည်။ 26 သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသော သတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။ 27 ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။ 28 ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာနှင်ထုတ်ကြလိမ့်မည်။ 29 ထိုလူများကို တစ်နှစ်ခြင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တစ်ဘက်၌ များပြားလိမ့်မည်။ 30 သင်သည်တိုးပွား၍ တစ်ပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင်ထုတ်မည်။ 31 သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောမှသည်မြစ်တိုင်အောင်လည်းကောင်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။ 32 သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့်လည်းကောင်း၊ သင်သည်မိတ်သဟာယမဖွဲ့ရ။ 33 သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။