46
မင်း​သား​နှင့်​ပွဲ​နေ့​များ
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတံတိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။ မင်းသားသည် ထိုတံခါးမုခ်ဖြင့်ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍၊ သူသည် တံခါးခုံ၌ ဦးညွှတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။ သို့ရာတွင်၊ ညဉ့်ဦးယံမရောက်မီ ထိုတံခါးကို မပိတ်ရ။ ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရားရှေ့တော်တွင် ဦးညွှတ်ချရကြမည်။ ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတစ်ကောင်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။ ဘောဇဉ်ပူဇော်သကာဖို့ သိုးထီးတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကိုလည်းကောင်း၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း ပူဇော်ရမည်။ လဆန်းနေ့၌ အပြစ်မပါသော နွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာဖို့ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။
မင်းသားဝင်သောအခါ အရှေ့တံခါးမုခ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုခ်ဖြင့်လည်း ထွက်ရမည်။ ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွှတ်ချခြင်းငှာ မြောက်တံခါးဖြင့် ဝင်သောသူသည် တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါး တစ်ဖက်တစ်ချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။ 10 ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။ 11 ပွဲခံ၍ ပရိသတ်စည်းဝေးရာကာလ၌ ဘောဇဉ်ပူဇော်သကာဖို့၊ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။ 12 မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သကာ ပြုသောအခါ၊ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည် ဥပုသ်နေ့၌မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
နေ့​စဉ်​ပြု​ရန်​ပူ​ဇော်​သကာ​
13 နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ်ဖို့ အပြစ်မပါ၊ အခါလည် သော သိုးသငယ်တစ်ကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။ 14 နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာတွင် ခြောက်စုတစ်စု ကိုလည်းကောင်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃကိုလည်းကောင်း ပူဇော်ရမည်။ ဤ​ရွေ့ကား၊ထာဝရဘုရားအား အစဉ်အမြဲပြုရသော ဘောဇဉ်ပူဇော်သကာ တရားပေတည်း။ 15 ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဖို့ သိုးသငယ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့် ဆီကိုလည်းကောင်း ပြင်ဆင်ရမည်။
မင်း​သား​နှင့်​တိုင်း​ပြည်​
16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစ်စုံတစ်ခုကိုပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည်အမွေခံလျက် သိမ်းယူရမည်။ 17 မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစ်စုံတစ်ခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲအမွေခံရမည်။Ref ၄၆:၁၇။ ဝတ် ၂၅:၁၀။ 18 ထိုမှတစ်ပါး၊ မင်းသားသည် ပြည်သားအမွေမြေကို အနိုင်အထက်ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲက မိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သော အမွေမြေ၌မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာ မပြုရ။
ဗိ​မာန်​တော်​မီး​ဖို​များ​
19 ထိုနောက်မှ တံခါးအနား၌ရှိသောဝင်ဝဖြင့် ငါ့ကိုဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တစ်ခုကို ငါမြင်၏။ 20 ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘောဇဉ်ပူဇော်သကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှာ၊ ထိုအရာတို့ကို ပြင်တံတိုင်းထဲသို့ မထုတ်ရကြဟု ငါ့အားပြောဆို၏။ 21 တစ်ဖန် ပြင်တံတိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တံတိုင်းထောင့် လေးထောင့်တို့ကို လျှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တံတိုင်းငယ် တစ်ခုစီရှိသည်ကို ငါမြင်၏။ 22 ထိုတံတိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင် သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။ 23 ထိုလေးထောင့်တို့ အတွင်းပတ်လည်၌ ချက်ပြုတ်စရာဖို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။ 24 ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သောယဇ်ကောင်တို့ကို ပြုတ်ရသောအရပ်ဖြစ်ကြသည်ဟု ငါ့အားပြောဆို၏။