35
စိရတောင်အပေါ်​ဒဏ်​ခတ်​ခြင်း
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊Ref ၃၅:၁-၁၅။ ဟေရှာ ၃၄း၅-၁၇။ ၆၃း၁-၆။ ယေ၊ ၄၉း၇-၂၂။ ​ယေဇ၊ ၂၅း၁၂-၁၄။ အာ၊၁း၁၁-၁၂။ ဩ၊ ၁-၁၄။ မာလ၊ ၁း၂-၅။ အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို စိရတောင်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။ သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရသောကာလအဆုံး၌၊ သူတို့အသက်ကို ဓားနှင့် သတ်သောကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။ ထိုသို့ စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။ သင်၏တောင်တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ ဓားဖြင့် အသေခံရသော သူတို့သည် ရှိကြလိမ့်မည်။ သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှ မနေရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ 10 သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကို ငါတို့သည်သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊ 11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် သူတို့ကိုရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည်နှင့်အညီ သင်၌ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။ 12 သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။ 13 ထိုသို့သင်သည် ငါ့တစ်ဖက်၌ဝါကြွား၍ ပြောမိသောစကားအလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။ 14 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။ 15 ဣသရေလအမျိုးသားတို့ အမွေမြေပျက်စီးသည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။