10
ဘုန်း​အ​သ​ရေ​တော်​ထွက်​ခွာ​ခြင်း​
တစ်ဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့အထက် မိုးမျက်နှာကြက်၌ နီလာကျောက်ကဲ့သို့၊ ရာဇပလ္လင်၏သဏ္ဌာန်အရောင်သည် ထင်ရှား၏။Ref ၁၀:၁။ ယေဇ ၁:၂၆။ ဗျာ၊ ၄:၂။ ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထားဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဖက်နှင့် ကျုံးပြီးလျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌ သွား၏။Ref ၁၀:၂။ ဗျာ ၈:၅။ ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ယာဘက်မှာရပ်၍၊ အတွင်းတံတိုင်းသည် မိုးတိမ်နှင့်ပြည့်၏။ ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ တံတိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့် ပြည့်၏။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကိုကြားရ၏။ ပိတ်အဝတ်ကို ဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။ ခေရုဗိမ်တစ်ပါးသည် ခေရုဗိမ်စုထဲက လက်ကိုဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်းခံယူ၍ ထွက်သွား၏။ ခေရုဗိမ်အတောင်အောက်၌ လူလက်ကိုလည်း ငါမြင်၏။
ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီးတစ်ခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်းအရောင် ရှိ၏။Ref ၁၀:၉-၁၃။ ယေဇ ၁:၁၅-၂၁။ 10 ဘီးလေးခုတို့သည် ပုံသဏ္ဌာန်တစ်ညီတည်းရှိ၍၊ ဘီးတစ်ခုထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ရှိကြ၏။ 11 သွားသောအခါ ဘီးလေးမျက်နှာတစ်ညီတည်းနေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာ ပြုသောဘက်သို့ လိုက်၍ မလှည့်ဘဲ သွားကြ၏။ 12 ဘီးလေးခုနှင့်တကွ ခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တစ်ကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။Ref ၁၀:၁၂။ ဗျာ ၄:၈။ 13 ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။ 14 ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။Ref ၁၀:၁၄။ ယေဇ ၁:၁၀။ ဗျာ၊ ၄:၇။ 15 ထိုခေရုဗိမ်တို့သည် ချီကြွလျက်ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသော သတ္တဝါပေတည်း။ 16 ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှတက်အံ့သောငှာ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့သည် မကွာဘဲလိုက်ကြ၏။ 17 သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။
18 ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ၏။ 19 ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏အိမ်တော်ရှေ့ တံခါးဝမှာရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။ 20 ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလအမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဖူးသောသတ္တဝါပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။ 21 သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးခုစီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။ 22 မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသောမျက်နှာနှင့် တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့်သွားတတ်ကြ၏။