31
ခေါင်း​ဆောင်​အ​ဖြစ်​ယော​ရှု​ဆက်​ခံ​
တစ်ဖန် မောရှေသည်သွား၍ ဣသရေလအမျိုးသားအပေါင်းတို့အား ဟောပြောသည်ကား၊ ငါသည် ယနေ့ အသက်တစ်ရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တစ်ဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။Ref ၃၁:၂။ တော ၂၀:၁၂။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့်မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည်လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။ ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌လည်းကောင်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည်၌လည်းကောင်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူလိမ့်မည်။Ref ၃၁:၄။ တော ၂၁:၂၁-၃၅။ ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟောပြော၏။ တစ်ဖန် ယောရှုကိုခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။ သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။Ref ၃၁:၈။ ယောရှု ၁:၅။ ဟေဗြဲ၊ ၁၃:၅။
ပ​ညတ်​တော်​ကို​ဖတ်​ပြ​ရန်​
ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အသက်ကြီးသူများ အပေါင်းတို့၌အပ်၍၊ 10 မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကိုလွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊Ref ၃၁:၁၀။ တရား ၁၅:၁၂၊ ၁၆:၁၃-၁၅။ 11 သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတ္တံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဖတ်ရွတ်ရမည်။ 12 ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တစ်ပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။ 13 ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။
မော​ရှေ​အတွက်​နောက်​ဆုံး​ညွှန်​ကြား​ချက်
14 ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။ 15 ထာဝရဘုရားသည် တဲတော်တွင် မိုးတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုးတိမ်တိုင်သည် တဲတော်တံခါးဝအပေါ်မှာ တည်နေ၏။ 16 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည်ထ၍ ယခုသွားသောပြည်၌နေသော တစ်ပါးအမျိုးသား ကိုးကွယ်သောဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။ 17 ထိုအခါ ငါသည်အမျက်တော်ထွက်၍ သူတို့ကိုစွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည်ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြလိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။ 18 သူတို့သည် အခြားတစ်ပါးသော ဘုရားတို့နောက်သို့လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွှဲမည်။ 19 ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလအမျိုးတစ်ဖက်၌ ငါ့အဖို့ သက်သေဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့။ 20 အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။ 21 ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍မသွင်းမီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကိုငါသိ၏ဟု မိန့်တော်မူ၏။ 22 မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။ 23 တစ်ဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရမည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။Ref ၃၁:၂၃။ တော ၂၇:၂၃။ ယောရှု၊ ၁:၆။
24 မောရှေသည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊ 25 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားတို့ကိုခေါ်၍၊ 26 ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတစ်ဖက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။ 27 သင်တို့အမျိုးသည် ပုန်ကန်တတ်သောသဘော၊ ခိုင်မာသောသဘောရှိကြောင်းကို ငါသိ၏။ ငါအသက်ရှင်၍၊ သင်တို့တွင်နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှမကပြုကြလိမ့်မည်။ 28 သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူအပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ကို သူတို့အားဟောပြော၍ သူတို့တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်မည်။ 29 အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ကိုယ်လက်နှင့် လုပ်ဆောင်သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိပေးလေ၏။
မော​ရှေ​၏​သီ​ချင်း​
30 မောရှေသည် ဣသရေလပရိသတ်အပေါင်းတို့အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊