8
ခ​ရစ်​ယာန်​အ​လှူ​
ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။- အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအ​လျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန်ကြ၏။- ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်အတိုင်းထက်မက ပြု၍၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှေ့ဦးစွာ သခင်ဘုရား၌လည်းကောင်း၊ ငါတို့၌လည်းကောင်း၊ မိမိတို့ကို မိမိတို့ လှူကြ၏။- ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း ဖြစ်စေသတည်း။- ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို+ ၈း၈ "-----သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို--" မူရင်း "-----ငါတို့အတွက် သင်တို့၏မေတ္တာ----" စုံစမ်းသောအားဖြင့် ဆိုသတည်း။- အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
10 ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။ 11 သို့ဖြစ်၍၊ အထက်က စေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။- 12 အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။- 13 ဤအမှုရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှာ ငါအကြံရှိသည် မဟုတ်။- 14 များများရသောသူ မပို။ နည်းနည်းရသောသူ မလိုဟူသော ကျမ်းစကားနှင့်အညီ၊- 15 မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ အညီအမျှဖြစ်စေခြင်းငှာ ငါအကြံရှိ၏။
တိ​တု​နှင့်​အ​ပေါင်း​အ​ဖော်​များ​
16 ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော် ကြီးလှပေ၏။- 17 ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။- 18 ဧဝံဂေလိတရားကို ဟောပြော၍ အသင်းတော်အပေါင်းတို့၌ ချီးမွမ်းခြင်းကိုခံရသော ညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏။- 19 ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကိုလည်းကောင်း၊ ကိုယ်စေတနာစိတ်ကိုလည်းကောင်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏ အလှူကျေးဇူးကို ပြုစုသည်အမှုမှာ ငါတို့နှင့်အတူ သွားစေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ ဖြစ်သတည်း။- 20 ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှာ သတိပြုကြ၏။- 21 သခင်ဘုရားရှေ့တော်၌သာမက၊ လူတို့ရှေ့၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။- 22 ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံသောကြောင့် သာ၍လုံ့လပြု၏။- 23 တိတုသည် အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင် ငါ၏အပေါင်းအဖော်ဖြစ်၏။ သင်တို့အမှုကို ငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူနည်းဟု မေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။- 24 ထိုကြောင့်၊ သင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ငါတို့သည် သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကိုလည်းကောင်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။