2
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏အရိုးတို့ကို ထုံးဖြစ်စေခြင်းငှာ မီးနှင့်ဖုတ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။Ref ၂:၁-၃။ ဟေရှာ ၁၅:၁-၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ ယေဇ၊ ၂၅:၈-၁၁။ ဇေ၊ ၂:၈-၁၁။ မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။ မောဘပြည်အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရား စီရင်တော်မူချက်တို့ကိုမစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဖူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သောသူကို ငွေနှင့်လည်းကောင်း၊ ဆင်းရဲသောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ရောင်းသောအပြစ်၊ ဆင်းရဲသောသူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှာ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကိုရှုတ်ချခြင်းငှာ အဘနှင့်သားသည် တစ်ဦးတည်းသောမိန်းမကို ပေါင်းဖော်သောအပြစ်၊ ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေနှင့် ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
အာရဇ်ပင်အရပ်နှင့်အမျှမြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသော အာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါပယ်ရှား၍၊ အထက်၌ သူ၏အသီးကိုလည်းကောင်း၊ အောက်၌ သူ၏အမြစ်ကိုလည်းကောင်း ငါဖျက်ဆီးပြီ။Ref ၂:၉။ တရား ၃:၈-၁၁။ 10 သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှာ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်ပြီ။ 11 သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အို ဣသရေလအမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။Ref ၂:၁၁။ တော ၆:၁-၈။ 12 သင်တို့မူကား၊ နာဇရိလူသောက်ဖို့စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။ 13 ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ ဖိစီးခြင်းကိုခံရသကဲ့သို့၊ သင်တို့၏ နေရာအရပ်ကို ငါဖိစီးမည်။ 14 အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရသောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။ 15 လေးကိုကိုင်သောသူသည် မရပ်ရ။ လျင်မြန်သော ခြေသည်သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကို မကယ်လွှတ်ရ။ 16 ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲပြေးသွားရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။