7
သ​တေ​ဖန်​၏ဟော​ပြော​ချက်
ထိုအခါ ယဇ်ပုရောဟိတ်မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိသော်၊- သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင်ကြပါလော့။ ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊-Ref ၇:၂-၃။ က ၁၂:၂။ သင်နေသောပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့ဟု အာဗြဟံအား မိန့်တော်မူ၏။- ထိုအခါ အာဗြဟံသည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။-Ref ၇:၄။ က ၁၁:၃၁၊ ၁၂:၄။ ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကို အပိုင်ပေးတော်မူမည်ဟု သားတစ်ယောက်မျှမရှိမီ ကတိထားတော်မူ၏။-Ref ၇:၅။ က ၁၂:၇၊ ၁၃:၁၅၊ ၁၅:၁၈၊ ၁၇:၈။ သင်၏အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်။-Ref ၇:၆-၇။ က ၁၅:၁၃-၁၄။ သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၏။-Ref ၇:၇။ ထွ ၃:၁၂။ ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ ဣဇာက်ကို ဖွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာက်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တစ်ကျိပ်နှစ်ပါးတည်း။-Ref ၇:၈။ က ၁၇:၁၀-၁၄၊ ၂၁:၂-၄။ ၂၅:၂၆။ ၂၉:၃၁-၃၅:၁၈။ အမျိုး၏အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော်မူလျက်၊-Ref ၇:၉။ က ၃၇:၁၁၊ ၂၈၊ ၃၉:၂၊ ၂၁။ 10 အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာပွင့်လန်းခြင်းနှင့် ပညာအတတ်ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။-Ref ၇:၁၀။ က ၄၁:၃၉-၄၁။
11 ခါနာန်ပြည်နှင့် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊-Ref ၇:၁၁။ က ၄၁:၅၄-၅၇။ 12 ငါတို့အဘများကို ပထမအကြိမ်တွင် စေလွှတ်လေ၏။-Ref ၇:၁၂။ က ၄၂:၁-၂။ 13 ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီအစ်ကိုတို့အား မိမိအကြောင်းကို ဖော်ပြ၍၊ ဖာရောဘုရင်သည် ယောသပ်၏အမျိုးကို သိတော်မူ၏။-Ref ၇:၁၃။ က ၄၅:၁၊ ၁၆။ 14 ထိုအခါ ယောသပ်သည် စေလွှတ်၍ မိမိအဘယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ်ငါးယောက်သော မိမိအမျိုးသားချင်းအပေါင်းတို့ကို ခေါ်ပင့်လေ၏။-Ref ၇:၁၄။ က ၄၅:၉-၁၀၊ ၁၇-၁၈၊ ၄၆:၂၇။ 15 ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ၏။-Ref ၇:၁၅။ က ၄၆:၁-၇။ ၄၉:၃၃။ 16 ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘဖြစ်သော ဟာမော်၏သားတို့အား အဖိုးငွေကိုပေး၍ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။Ref ၇:၁၆။ က ၂၃:၃-၁၆၊ ၃၃:၁၉၊ ၅၀:၇-၁၃။ ယောရှု၊ ၂၄:၃၂။
17 အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ကတိတော်၏ အချိန်ရောက်လုသောအခါ၊-Ref ၇:၁၇-၁၈။ ထွ ၁:၇-၈။ 18 ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွား၍၊ ယောသပ်ကို မသိမကျွမ်းသော မင်းကြီးတစ်ပါးပေါ်လာသည်တိုင်အောင် များပြားကြလေ၏။- 19 ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကို အသက်မရှင်စေခြင်းငှာ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲနှိပ်စက်လေ၏။-Ref ၇:၁၉။ ထွ ၁:၁၀-၁၁၊ ၂၂။ 20 ထိုအခါ အလွန်အဆင်းလှသော မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဘ၏အိမ်တွင် ကျွေးမွေးကြ၏။-Ref ၇:၂၀။ ထွ ၂:၂။ 21 နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။-Ref ၇:၂၁။ ထွ ၂:၃-၁၀။ 22 မောရှေသည်လည် အဲဂုတ္တု အတတ်ပညာ အလုံးစုံတို့ကိုသင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။- 23 အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟု အကြံရှိ၏။-Ref ၇:၂၃-၂၉။ ထွ ၂:၁၁-၁၅။ 24 အမျိုးသားချင်းတစ်ယောက်သည် ညှဉ်းဆဲခံရသည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ၏။- 25 ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။- 26 နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင်သည်ရှိသော်၊- 27 အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။- 28 မနေ့က အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ်လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။- 29 ထိုစကားကိုကြားလျှင်၊ မောရှေသည်ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။Ref ၇:၂၉။ ထွ ၁၈:၃-၄။
30 အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်းတောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ကောင်းကင်တမန် ထင်ရှား၏။-Ref ၇:၃၀-၃၄။ ထွ ၃:၁-၁၀။ 31 ထိုရူပါရုံကို မြင်သောအခါ မောရှေသည် အံ့ဩ၍ စေ့စေ့ကြည့်ရှုခြင်းငှာ အနားသို့ချဉ်းကပ်လျှင်၊- 32 ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အသံ ထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ။- 33 ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်၏။- 34 အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွားမြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နုတ်ခြင်းငှာ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။- 35 အဘယ်သူသည် သင့်ကို အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် ချုံ၌ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။-Ref ၇:၃၅။ ထွ ၂:၁၄။ 36 ထိုသူသည် ဣသရေလအမျိုးသားတို့ကို နုတ်ဆောင်၍ အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌လည်းကောင်း၊ ဧဒုံပင်လယ်၌လည်းကောင်း၊ တော၌လည်းကောင်း၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုလေ၏။Ref ၇:၃၆။ ထွ ၇:၃၊ ၁၄:၂၁။ တော၊ ၁၄:၃၃။
37 သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အား ပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။- 38 ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌လည်းကောင်း၊ သိနာတောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ငါတို့အဘများနှင့်လည်းကောင်း ရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှာ အသက်ရှင်စေသော ဗျာဒိတ်တော်ကို ခံလေ၏။-Ref ၇:၃၈။ ထွ ၁၉:၁-၂၀:၁၇။ တရား၊ ၅:၁-၃၃။ 39 ထိုသူ၏စကားကို ငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊- 40 ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ၏။-Ref ၇:၄၀။ ထွ ၃၂:၁။ 41 ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သောအရာ၌ပင် ပျော်မွေ့ကြ၏။ အနာဂတ္တိကျမ်း၌ လာသည်ကား၊- 42 အို ဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။-Ref ၇:၄၂-၄၃။ အာ ၅:၂၅-၂၇။ 43 သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရား ရင်ဖန်၏ကြယ်တည်းဟူသော ကိုးကွယ်ဖို့ရာ မိမိတို့လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တစ်ဖက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင်တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှာ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။
44 မောရှေမြင်ရသောပုံနှင့်အညီ၊ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူမှာ ထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ရှိ၏။-Ref ၇:၄၄။ ထွ ၂၅:၉၊ ၄၀။ 45 နောက်ကျသော ငါတို့အဘများသည် ထိုတဲတော်ကို တစ်ပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတစ်ပါးအမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။-Ref ၇:၄၅။ ယောရှု ၃:၁၄-၁၇။ 46 ထိုဒါဝိဒ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဖို့ရာ+ ၇း၄၆ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဖို့ရာ အချို့ရှေးလက်ရေးမူများတွင် " ယာကုပ်၏အိမ်တည်တော်မူရာသို့---" အရပ်ကို တွေ့ခြင်းငှာ တောင့်တ၏။-Ref ၇:၄၆။ ၂ရာ ၇:၁-၁၆။ ၅ရာ၊ ၁၇:၁-၁၄။ 47 ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည်ဆောက်ရ၏။-Ref ၇:၄၇။ ၃ရာ ၆:၁-၃၈။ ၆ရာ၊ ၃:၁-၁၇။ 48 သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။- 49 မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သောဗိမာန်ကို ငါ့အဖို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။-Ref ၇:၄၉-၅၀။ ဟေရှာ ၆၆:၁-၂။ 50 ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသောဘုရားသည် လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။Ref ၇:၄၉-၅၀။ ဟေ​ရှာ ၆၆:၁-၂။
51 လည်ပင်းခိုင်မာ၍ နှလုံးဖြင့်လည်းကောင်း၊ နားဖြင့်လည်းကောင်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။-Ref ၇:၅၁။ ဟေ​ရှာ ၆၃:၁၀။ 52 သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲ နေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြောပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သောသူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ်ကြပြီ။- 53 သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။
သ​တေ​ဖန်​ကို​ခဲ​နှင့်​ပေါက်​ခြင်း
54 ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။- 55 သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင်၊- 56 ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း၊ ငါမြင်သည်ဟု ဆို၏။- 57 ထိုသူတို့သည် ပြင်းစွာသောအသံနှင့် ဟစ်ကြော်၍ နားကိုပိတ်ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တစ်ဟုန်တည်းပြေး၍၊- 58 မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။- 59 ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။- 60 ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။