15
ယေ​ရု​ရှ​လင်​မြို့​အ​စည်း​အ​ဝေး
3ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။-Ref ၁၅:၁။ ဝတ် ၁၂:၃။ ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုလျှောက်သွား၍ တစ်ပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။- ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။
ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တစ်ပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှာ ဆုံးမရမည်ဟုဆိုကြ၏။- ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာ စည်းဝေးကြ၏။- များစွာသောဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။-Ref ၁၅:၇။ တ ၁၀:၁-၄၃။ စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။Ref ၁၅:၈။ တ ၂:၄၊ ၁၀:၄၄။
ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကိုစင်ကြယ်စေ၍ ငါတို့ကို ခြားနားစေတော်မမူ။- 10 သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှာ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။- 11 သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည်ယုံကြ၏ဟု ပေတရုပြောဆို၏။- 12 ထိုအခါ ဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တစ်ပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။
13 ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- 14 ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။- 15 ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့် ညီ၏။- 16 ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တစ်ပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းငှာ နောက်မှငါပြန်လာမည်။- 17 လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု- 18 ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို+ ၁၅း၁၈ (ခ) "-----ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ ---သိတော်မူသည်" မူရင်းဂရိ "ဘုရားသခင်သည် မိမိစီရင်တော်မူသော ဤအမှုအရာတို့ကို ကမ္ဘာဦးမှစ၍ သိတော်မူသည်။" သိတော်မူသည်-Ref ၁၅:၁၆-၁၈။ အာ ၉:၁၁-၁၂။ 19 ထိုကြောင့်၊ တစ်ပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသော သူတို့ကို မနှောင့်ယှက်ဘဲလျက်၊- 20 ရုပ်တုတို့၏ ညစ်ညူးရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊+ ၁၅း၂၀,၂၉ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အချို့ရှေးလက်ရေးမူများတွင် "လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊" မပါ အသွေးကိုလည်းကောင်း ကြဉ်ရှောင်စေခြင်းငှာ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။-Ref ၁၅:၂၀။ ထွ ၃၄:၁၅-၁၇။ ဝတ်၊ ၁၇:၁၀-၁၆၊ ၁၈:၆-၂၃။ 21 အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားဇရပ်၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
ယုံ​ကြည်​သူ​လူ​မျိုး​ခြား​ထံပေး​စာ
22 ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကိုရသော ယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်း သဘောညီညွတ်ကြ၏။- 23 သူတို့လက်ဖြင့် ပေးလိုက်သောစာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။- 24 လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကို ခံရမည်၊ ပညတ်တရားကိုကျင့်ရမည်+ ၁၅း၂၄ (ခ) သင်တို့သည် ---- ပညတ်တရားကိုကျင့်ရမည် အချို့ရှေးလက်ရေးမူများတွင် "သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ ပညတ် တရားကိုကျင့်ရမည်ဟူသောစကားဖြင့်" မပါ ဟူသောစကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ယှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊- 25 ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိအသက်ကို စွန့်စားသောသူတည်းဟူသော၊- 26 ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သောသူတို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှာ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊- 27 ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှာ ယုဒနှင့် သိလတို့ကို စေလွှတ်ကြ၏။- 28 ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကိုလည်း​ကောင်း၊ အသွေးကိုလည်းကောင်း၊- 29 လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြပါစေသောဟု ရေး၍ ပေးလိုက်သတည်း။
30 ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီးလျှင် မှာစာကိုအပ်ပေးကြ၏။- 31 မှာစာကို ဖတ်ရွတ်သောအခါ ထိုသက်သာခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။- 32 ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်ကိုတို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။- 33 ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှာ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။- 34 သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။-+ ၁၅:၃၄ အချို့ရှေးလက်ရေးမူများတွင် အခန်းငယ် (၃၄) မပါ 35 ပေါလုနှင့် ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
ပေါ​လု​နှင့်ဗာ​န​ဗ​တို့​ခွဲ​ခွာ​ခြင်း
36 အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ဟု ဗာနဗအားဆို၏။- 37 ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။- 38 ပေါလုက၊ ပမ်ဖုလိပြည်၌ သူတို့နှင့်ခွာ၍ အမှုထမ်းရာသို့မလိုက် မသွားသောထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။-Ref ၁၅:၃၈။ တ ၁၃:၁၃။ 39 ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။- 40 ညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင် ထွက်၍၊- 41 အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။