တမန်တော်ဝတ္ထု။
1
အို သော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊-Ref ၁:၁။ လု ၁:၁-၄။ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကို ထုတ်ဖော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။- အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။- ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ကတိကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုကတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။-Ref ၁:၄။ လု ၂၄:၄၉။ ကတိတော်အချက် ဟူမူကား၊ ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။Ref ၁:၅။ မ ၃:၁၁။ မာ၊ ၁:၈။ လု၊ ၃:၁၆။ ယော၊ ၁:၃၃။
ကောင်း​ကင်​ဘုံ​သို့​တက်ကြွ​ခြင်း
ထိုတမန်တော်တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊- သခင်ဘုရားက၊ ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။- ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။-Ref ၁:၈။ မ ၂၈:၁၉။ မာ၊ ၁၆:၁၅။ လု၊ ၂၄:၄၇၊ ၄၈။ တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။-Ref ၁:၉။ မာ ၁၆:၁၉။ လု၊ ၂၄း၅၀-၅၁။ 10 ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာ ပေါ်လာ၍၊- 11 အို ဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား+ ၁း၁၁ သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွား အချို့ရှေးမူများတွင် "ကောင်းကင်သို့" မပါ တော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့ ဟုပြောဆို၏။
ယု​ဒ​၏​နေ​ရာ​ကို​ဆက်​ခံ​သူ
12 ထိုအခါ ယေရုရှလင်မြို့နှင့် ဥပုသ်နေ့တစ်နေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။- 13 ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့ တက်ကြ၏။-Ref ၁:၁၃။ မ ၁၀:၂-၄။ မာ၊ ၁၃:၁၆-၁၉။ လု၊ ၆:၁၄-၁၆။ 14 ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်လည်းကောင်း၊ ညီတော်တို့နှင့်လည်းကောင်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။
15 ထိုအခါ အရေအတွက်အားဖြင့် တစ်ရာနှစ်ဆယ်သော တပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊- 16 ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။- 17 ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။- 18 ထိုသူသည် မတရားသောအမှုအတွက်ဖြင့် ရသောအခနှင့် မြေတစ်ကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။- 19 ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထိုမြေကို အကေလဒမဟု ခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။-Ref ၁:၁၈-၁၉။ မ ၂၇:၃-၈။ 20 ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။-Ref ၁:၂၀။ ဆာ ၆၉:၂၅၊ ၁၀၉:၈။ 21 ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ၍၊ 22 သခင်ယေရှုသည် ငါတို့နှင့်ခွာ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည်နေ့ရက်တိုင်အောင်၊ တပည့်တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသော ကာလပတ်လုံး ငါတို့နှင့်ပေါင်းဖော်၍နေသောသူ တစ်စုံတစ်ယောက်သည်၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကို ဟောပြော၍ ငါတို့နှင့်အတူ သက်သေခံဖြစ်ရမည်ဟု ပေတရုပြောဆို၏။-Ref ၁:၂၂။ မ ၃:၁၆။ မာ၊ ၁:၉၊ ၁၆:၁၉။ လု၊ ၃:၂၁၊ ၂၄:၅၁။
23 ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့် မဿိကို ခန့်ထား၍၊- 24 ဤသို့ဆုတောင်းကြ၏။- 25 လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှာ+ ၁း၂၅ ထိုအရာကိုခံစေခြင်းငှာ အချို့ရှေးမူ "ထိုဝေစုကိုခံစေခြင်းငှာ" ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊- 26 စာရေးတံချကြသဖြင့် မဿိသည် စာရေးတံကိုရ၍၊ တစ်ကျိပ်တစ်ပါးသောတမန်တော်တို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်လေ၏။