ဇေဖနိကျမ်း
1
အာမုန်မင်းသားတော်၊ ယုဒဘုရင်ယောရှိမင်းလက်ထက်၊ ဟေဇကိတီ၊ အာမရိမြစ်၊ ဂေဒလိမြေး၊ ကုရှိသားဇေဖနိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကား။ ငါသည် မြေမျက်နှာပြင်ရှိရှိသမျှကိုသိမ်းရုံးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ လူသူတိရစ္ဆာန်မှစ၍၊ လေသတ္တဝါ၊ ရေသတ္တဝါတို့ကိုလည်းေကာင်း၊ လူဆိုးတို့နှင့်မှောက်မှားရန်အကြောင်းများကိုလည်းေကာင်း သိမ်းရုံးလျက်၊ လူသတ္တဝါတို့ကို မြေမျက်နှာပြင်မှပယ်ရှားမည်။ ငါသည် ယုဒပြည်သူနှင့် ယေရုရှလင်မြို့သားတို့အပေါ်တွင်၊ လက်ရုံးတော်ကိုဆန့်တန်း၍၊ ဤဒေသရှိဗာလနတ်ရုပ်ကြွင်းကျန်သမျှကိုလည်းေကာင်း၊ ယဇ်ပရောဟိတ်တို့နှင့် ပဆန်းတို့အမည်ကိုလည်းေကာင်း၊ အမိုးပျဉ်တွင်၊ ကမ္ဘာ့တန်ဆာအားရှိခိုးကြသောသူတို့ကိုလည်းေကာင်း၊ ငါထာဝရဘုရားထံသစ္စာတော်ခံလျက်ပင်၊ မိလခုံအားတိုင်တည်၍သစ္စာဆိုခြင်း၊ ရှိခိုးခြင်းပြုကြသော သူတို့ကိုလည်းေကာင်း၊ ငါထာဝရဘုရားထံမရှာမဖွေ၊ မမေးမလျှောက်ဘဲဆုတ်ခွာကြသောသူတို့ကိုလည်းေကာင်း၊ ပယ်ရှားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
နေ့ရက်တော်သည် ရောက်လုပြီဖြစ်၍၊ ငါအရှင်ထာဝရဘုရားရှေ့တော်တွင် ဆိတ်ဆိတ်နေကြလော့။ ငါထာဝရဘုရားသည် ယဇ်ပွဲကိုယင်လျက်၊ ခေါ်ဖိတ်သူတို့ကို သီးသန့်ထားလေပြီ။ ထိုယဇ်ပွဲတော်နေ့၌၊ မင်းညီမင်းသားများ၊ မှူးမတ်များနှင့် တိုင်းရင်းအဝတ်မဆင်သူတို့ကို၊ ငါဒဏ်စီရင်မည်။ အိမ်ကိုဖောက်ထွင်း၍၊ ကြမ်းကြုတ်မှု၊ လိမ်လည်မှုနှင့် ကိုယ့်သခင့်တိုက်ပြည့်စေသူတို့ကိုလည်း၊ ထိုနေ့ရက်၌ ဒဏ်စီရင်မည်။ 10 ထိုနေ့ရက်၌၊ ငါးတံခါးအရပ်တွင် ဟစ်သံ၊ ဒုတိယအရပ်တွင် အော်သံ၊ ကုန်းအရပ်တွင်ပျက်စီးပယ်ရှားသံကို ကြားရကြလိမ့်တကား။ 11 အိုဈေးတန်းသားတို့၊ ကုန်သည်ရှိသမျှသည် သုတ်သင်ခြင်း၊ ပွဲစားရှိသမျှလည်းပယ်ရှားခြင်းခံရသောကြောင့်၊ အော်ကြလော့။ 12 ထိုကာလ၌ငါသည်၊ ယေရုရှလင်မြို့ကိုမီးရှူးများနှင့်လိုက်စစ်၍၊ ကောင်းကျိုးကိုလည်းေကာင်း၊ မကောင်းကျိုးကိုလည်းေကာင်း၊ ထာဝရဘုရားမပေးနိုင်ဟုအောက်မေ့လျက်၊ လက်ဟောင်း စပျစ်ရည်သဖွယ်ပြစ်ချွဲသောသူတို့ကို ဒဏ်စီရင်မည့်အလျောက်၊ 13 ချင်းတို့စည်းစိမ်သည် လုယူရာ၊ အိမ်များလည်းဆိတ်ညံရာရောက်သည့်ပြင်၊ အိမ်သစ်များကိုတည်ဆောက်သော်လည်း နေထိုင်ခွင့်၊ စပျစ်ခြံများကို စိုက်ပျိုးသော်လည်း သုံးသောက်ခွင့်ရကြတော့မည်မဟုတ်။ 14 ငါထာဝရဘုရား၏နေ့တော်ကြီးသည်၊ ရှောင်တခင်ရောက်အံ့ဆဲဖြစ်၍ နီးကပ်လေပြီ။ ထိုနေ့ရက်၌၊ စွမ်းရည်ကောင်းသူသည်၊ ပြင်းထန်စွာအော်ဟစ်ရသည်တကား။ 15 ထိုနေ့တော်သည်၊ အမျက်ဒဏ်သင့်ရာနေ့၊ ညှဉ်းပန်းနှိပ်စက်ရာေန့၊ ဖျက်ဆီးပယ်ရှားရာေန့၊ မိုးပိတ်လျက်မှောင်အတိနေ့၊ မိုးအုံ့၍မှောင်ကျရာနေ့၊ 16 မြင့်သောခံတပ်၊ ခံမြို့များတစ်ဘက်၊ တံပိုးမှုတ်၍အောင်သံလွှင့်ရာနေ့ဖြစ်သည့်အတိုင်း၊ 17 ငါထာဝရဘုရားအား ပြစ်မှားသောလူသတ္တဝါတို့အပေါ်၌၊ ဒုက္ခကိုငါသင့်ရောက်စေသဖြင့်၊ ထိုသူတို့သည် မျက်မမြင်တို့ကဲ့သို့သွားလာရလျက်၊ မြေမုန့်သဖွယ် ေသွးသွန်းခြင်း၊ ဘင်ပုပ်သဖွယ်အလောင်းပစ်ခြင်းကိုခံရကြလတ္တံ့။ 18 မြေပထဝီ၌နေထိုင်သူအပေါင်းတို့ကို၊ အလန့်တကြားကုန်ဆုံးစေမည့်အလျောက်၊ ငါထာဝရဘုရားအမျက်တော်ထားရာနေ့၌၊ ရွှေငွေအားဖြင့်ဘေးမလွတ်ရဘဲ၊ မြေတစ်ပြင်လုံးသည်၊ ရှုစိတ်တော်မမူခြင်းအရှိန်ကြောင့်၊ ကျွမ်းလောင်ခံရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။