6
နောက်တစ်ဖန်၊ ငါမော်ကြည့်သော်၊ ကြေးတောင်နှစ်လုံးကြားမှာ ပေါ်လာသောစစ်ရထားလေးစီးအနက်၊ ပဌမရထား၌ မြင်းနီများ၊ ဒုတိယရထား၌မြင်းနက်များ၊ တတိယရထား၌ မြင်းဖြူများ၊ စတုတ္ထရထား၌ မြင်းဖောင်းဝတ်များ ကလျက်ရှိသည်ကို မြင်ရလျှင်၊ အိုအရှင်ဘုရား၊ ဤအရာများကား၊ မည်သို့ပါနည်းဟု မေးရာ၊ ငါနှင့်မြွက်ဆိုသော စေတမန်တော်က၊ ငါမြေတစ်ပြင်လုံးပိုင်ရှင် အရှင့်ရှေ့တော်တွင် ခစားရာမှ ထွက်လာခဲ့သော လေးမျက်နှာလေပြင်းများတည်း။ ကပြီးမြင်းနက်များသည်၊ မြောက်ပိုင်းပြည်သို့သွားရာ၊ မြင်းဖြူများလိုက်လျက်၊ မြင်းဖောင်းဝတ်များသည်၊ တောင်ပိုင်းပြည်သို့သွားကြ၏။ မြင်းနီများသည် ထွက်၍၊ မြေကြီးတစ်ေလျှာက်သွားမည်ပြုကြရာ၊ ထွက်လော့။ မြေကြီးတစ်ေလျှာက်သွားလာကြလော့ဟူသောအမိန့်တော်အတိုင်း၊ မြေကြီးတစ်ေလျှာက် သွားလာကြ၏။ ငါ့အားလည်း၊ ကြည့်လော့။ မြောက်ပိုင်းပြည်သို့သွားရောက်ခဲ့သော မြင်းများကြောင့်၊ ထိုပြည်နှင့်စပ်လျဉ်း၍ စိတ်တော်ပြေပြီဟု ဟစ်ကြော်မိန့်မြွက်တော်မူကြောင်း ပြန်ဆိုလေ၏။
တစ်ဖန်၊ ငါသို့ရောက်လာသော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ 10 ဟေလဒဲ၊ တောဘိယနှင့် ယေဒါယတို့သည်၊ သိမ်းသွားခံရာ ဗာဗုလုန်မြို့မှ ပြန်လာ၍၊ ဇေဖနိသား ယောရှိအိမ်သို့ဝင်ရောက်သောနေ့ရက်တွင်ပင်၊ သင့်ကိုယ်တိုင် သွားရောက်၍၊ 11 ရွှေငွေလက်ဆောင်ကိုခံယူလျက်၊ တမာရွက်ဗောင်းကို လုပ်ပြီးလျှင်၊ ယောဇဒက်သား ပရောဟိတ်မင်းယောရှု၏ ဦးခေါင်းတွင် တင်၍၊ ဆင့်ဆိုရမည်မှာ၊ 12 အေညှာက်တော်အမည်ရှိသူ့ကိုကြည့်လော့။ ထိုသူသည်နေရင်းအရပ်၌ပင်ပေါက်လျက်၊ ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။ 13 ဗိမာန်တော်ကိုတည်ဆောက်မည့် ထိုသူသည်၊ အသရေဆောင်လျက် ရာဇပလ္လင်ထက်စိုးစံစဉ်၊ ပရောဟိတ်မင်းတစ်ပါးသည်၊ ပလ္လင့်အနီး၌ နေရာတော်ရမည့်အလျောက်၊ နှစ်ပါးလုံးတိုင်ပင်လျက်၊ ပြည်ကျိုးဖြစ်ထွန်းစေကြလိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆိုလော့။ 14 ထိုတမာရွက်ဗောင်းကို၊ 6.14  ပါဠိ - ေဟလင်။ဟေလဒဲ၊ တောဘိယ၊ ယေဒါယနှင့် ဇေဖနိသား 6.14  ပါဠိ - ဟင်။ယောရှိတို့ 6.14  ပါဠိ - မှတ်သားဖွယ်။ကောင်းမှုအဖြစ်၊ ငါထာဝရဘုရားဗိမာန်တော်တွင် တည်ထားရမည်။ 15 ဝေးကွာစွာနေသောသူတို့လည်း လာရောက်လျက်၊ ငါထာဝရဘုရား၏ ဗိမာန်တော်ကို ကူညီတည်ဆောက်ကြလတ္တံ့ဟူ၍တည်း။ ငါ့ကို၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားစေလွှတ်တော်မူကြောင်း၊ သင်တို့သိရကြသည့်ပြင်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ်တော်ကို၊ နားထောင်နာခံကြလျှင်၊ ထိုသို့ဖြစ်ထွန်းရလတ္တံ့။