11
အိုလေဗနုန်တောင်၊ သင့်သစ်ကတိုးတောကိုမီးကျွမ်းလောင်စေရန်၊ မီးကာပေါက်များကို ဖွင့်လော့။ အိုထင်းရူးပင်၊ ထူးမြတ်သောသစ်ကတိုးတောလဲကျပျက်စီးသည့်အတွက်၊ အော်လော့။ အိုဗာရှန်ညန်မြိုင်၊ မဝင်နိုင်သောသစ်တောလဲကျသည့်အတွက်၊ ဟစ်လော့။ စားကျက်ပျက်စီးသည့်အတွက်၊ အထိန်းအကျောင်းတို့အော်ဟစ်သံ၊ ယော်ဒန်ပိတ်ပေါင်းပျက်စီးသည့်အတွက်၊ ခြင်္သေ့ပျိုတို့ဟိန်းဟောက်သံကို၊ ကြားရလေစွ။
4-5 ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဝယ်သူတို့သည် ပြစ်ဒဏ်လွတ်သတ်လျက်၊ ရောင်းသူတို့က၊ ထာဝရဘုရား၌ မင်္ဂလာရှိပါစေသော။ ငါကြွယ်ဝပြီဟု ဝါကြွားလျက်၊ အထိန်းအကျောင်းတို့သည် မညှာတာဘဲနေစဉ်၊ အသတ်ခံရသောသိုးဆိတ်ကို ထိန်းကျောင်းလော့ဟူ၍လည်းေကာင်း၊ ငါသည်၊ အပြည်ပြည်ထောင်သားတို့ကိုဆက်လက်မညှာတာဘဲ၊ လူသတ္တဝါတို့ကို 11.6  ပါဠိ - အေပါင်းအေဖာ်။ကိုယ့်အထိန်းအကျောင်း၊ ကိုယ့်ဘုရင်လက်တွင်းသို့၊ မကယ်လွှတ်ဘဲအပ်နှင်းမည့် အလျောက်၊ ထိုသူတို့သည်၊ အပြည်ပြည်ကိုလုပ်ကြံမည်ဟူ၍လည်းေကာင်း၊ မိန့်တော်မူသည့်အတိုင်း၊ အသတ်ခံ၍သနားဖွယ်သောသိုးဆိတ်တို့ကို၊ ငါထိန်းကျောင်းမည်ပြုရာ၊ ကျေးဇူးပြုခြင်းခေါ်တစ်ချောင်း၊ သင်းဖွဲ့ခြင်းခေါ်တစ်ချောင်း၊ ထိုတောင်ဝေးနှစ်ချောင်းကိုကိုင်ယူ လျက်၊ သိုးဆိတ်တို့ကိုငါထိန်းကျောင်း၏။ အထက်အထိန်းအကျောင်းသုံးဦးတို့ကို၊ တစ်လအတွင်းငါပယ်ဖျက်ပြီးလျှင်၊ ငါ့ကိုယ်တိုင်မချိမဆံ့၊ ငါ့ကြောင့်နှလုံးနာသော၊ ထိုသိုးဆိတ်တို့အား၊ ငါထိန်းကျောင်းတော့မည်မဟုတ်။ သေအံ့ဆဲအကောင်သေပါလေစေ။ ပျောက်အံ့ဆဲအကောင်ပျောက်ပါလေစေ။ ကျန်သေးသောအကောင်များလည်း၊ အချင်းချင်း နိုင်ရာစားကြစေဟုငါဆိုလျက်၊ 10 ကျေးဇူးပြုခြင်းခေါ်တောင်ဝေးကိုကိုင်ယူ၍၊ ခပ်သိမ်းသောလူမျိုးခြားတို့နှင့်ဖွဲ့ခဲ့သောမဟာမိတ်ကို ပယ်ဖျက်မည့်လက္ခဏာအဖြစ်၊ ချိုးဖြတ်သည့်အလျောက်၊ 11 ထိုနေ့ရက်တွင်ပင် ပျက်လေ၏။ ငါ့ကိုရှုမှတ်သော၊ သနားဖွယ်သိုးဆိတ်တို့သည်၊ ထာဝရဘုရား၏ဗျာဒိတ်တော်မှန်ကြောင်းသိကြသည်နှင့်၊ 12 ငါက၊ သဘောတူလျှင်အခကိုပေးလော့။ မတူလျှင်မပေးလင့်ဟု တောင်းဆိုရာ၊ ငွေအကျပ်သုံးဆယ်ကို အခအဖြစ်ချိန်ပေးကြသော်၊ 13 ဘဏ္ဍာတိုက်တွင်းသို့ပစ်ချလော့ဟု၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ သူတို့ဖြတ်ဆိုသည့်အခမြတ်တည်းဟူသော၊ ထိုငွေသုံးဆယ်ကို ငါလက်ခံလျက်၊ ထာဝရ ဘုရား၏ ဗိမာန်တော်ဘဏ္ဍာတိုက်တွင်းသို့ပစ်ချလိုက်၏။ 14 ထိုနောက်၊ ယုဒအမျိုးနှင့်ဣသရေလအမျိုးတို့သွေးသားပျက်မည့်လက္ခဏာအဖြစ်၊ သင်းဖွဲ့ခြင်းခေါ်ဒုတိယတောင်ဝေးကိုလည်း၊ ငါချိုးဖြတ်၏။
15 ထာဝရဘုရားကလည်း၊ ယခုတစ်ဖန်၊ မိုက်မဲသောအထိန်းအကျောင်း၏ ကိရိယာများကိုဆောင်ယူလော့။ 16 အသို့ဆိုသော်။ ပျောက်သောအကောင်ကို သတိမူခြင်း၊ လမ်းလွဲရာကိုလိုက်ရှာခြင်း၊ ချို့တဲ့ရာကိုကျပ်စည်းခြင်း၊ လက်ရှိရာကိုကျွေးမွေးခြင်းမပြုဘဲ၊ ဆူဖြိုးရာများကို စားလျက်၊ ခွာကျိန်းစေသောအထိန်းအကျောင်းကို၊ ပြည်တော်တွင်ငါပေါ်ပေါက်စေမည်။ 17 သိုးဆိတ်တို့ကို လက်လွှတ်လျက်၊ အသုံးမဝင်သောအထိန်းအကျောင်းသည်၊ အမင်္ဂလာရှိ၏။ သူ့လက်ရုံးနှင့်ပညာမျက်စိသည်၊ ဓားခုတ်ခံရသဖြင့်၊ လက်ရုံးသေခြောက်လျက်၊ မျက်စိလည်းလုံးလုံးကွယ်လိမ့်မည်ဟု ငါ့အားမိန့်တော်မူ၏။