6
ထမ်းပိုးအောက်တွင် ရှိနေသမျှသောကျွန်တို့သည် ဘုရားသခင့်နာမတော်နှင့်ဒေသနာတော်အား ပုတ်ခတ်ခွင့်မရစေခြင်းငှါ ကိုယ့်သခင်များကိုစုံလင်စွာရိုသေသမှုပြုထိုက်သည်ဟု မှတ်ယူကြစေ။ တပည့်တော်ဖြစ်သောသခင့်အောက်နေသူတို့လည်း ညီအစ်ကိုချင်းဖြစ်သောကြောင့် မထီလေးစားမပြုဘဲ အကျိုးဆက်ဆံသောသခင်တို့သည် ချစ်တော်မူသောတပည့်တော်ဖြစ်သည့်အတွက် အထူးကျိုးနွံကြစေ။ ထိုအတိုင်းသင်ကြားနှိုးဆော်လော့။
မည်သူမဆို ခြားနားသောဒေသနာကိုသင်ကြားလျက်၊ ငါတို့အရှင်ယေရှုခရစ်ဟောတော်မူသော ကျန်းခံ့ရေးတရားကိုလည်းေကာင်း၊ ဘုရားတရားကြည်ညိုခြင်းနှင့်ညီလျော်သောဒေသနာတော်ကိုလည်းေကာင်း သဘောမကျလျှင်၊ 4-5 မာနကြီးသောလူမိုက်ဖြစ်သည့်ပြင် စောဒနာတက်ခြင်းနှင့်ဆွေးနွေးချက်များခြင်းကြောင့် မကျန်းမမာဖြစ်၏။ ထိုဆွေးနွေးချက်များကြောင့် ငြူစူခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ကုန်းချောခြင်း၊ မကောင်းထင်မြင်ခြင်းများမှစ၍ ဘုရားတရားကြည်ညိုဝတ်၌ အကျိုးစီးပွားရှိသည်ဟုအောက်မေ့သဖြင့် သဘောဖောက်ပြန်၍ သမ္မာတရားလက်လွတ်သူတို့၏ငြင်းခုံခြင်းများ ဖြစ်ပွားတတ်၏။ မုချအားဖြင့်ရောင့်ရဲခြင်းရှိလျှင် ဘုရားကြည်ညိုဝတ်၌ ကြီးစွာသောအကျိုးစီးပွားရှိ၏။ ငါတို့သည် ဤလောကထဲသို့ မည်သည်ကိုမျှဆောင်ယူခဲ့သည်မဟုတ်။ မည်သည်ကိုမျှယူ၍မသွားနိုင်။ စားရန်ဝတ်ရန်ရှိက ရောင့်ရဲလောက်ပြီ။ၐ ကြွယ်ဝလိုသူတို့မူကား သွေးဆောင်ခြင်း၊ ကျော့ကွင်းမိခြင်းမှစ၍ လူတို့ကိုပျက်စီးဆုံးရှုံးရာ၌ နစ်မြှုပ်စေသည့်တပ်မက်ခြင်း၊ အန္တရာယ်ရှာကြံလျက် မိုက်မဲသောတပ်မက်ခြင်းများနောက်သို့ ပါသွားတတ်ကြ၏။ 10 ငွေကိုတပ်မက်ခြင်းသည် အဆိုးအမျိုးမျိုး၏အမြစ်မူလဖြစ်သည့်အလျောက် အချို့သည်လိုက်စားသဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍ များပြားစွာ သောကနှင့်ကိုယ်ကိုထုတ်ချင်းခွင်းကြပြီ။
 
11 သင်မူကား အိုဘုရားသခင့်လူယုံတော်၊ ထိုအရာများကိုကြဉ်ရှောင်၍ ဖြောင့်မတ်ခြင်း၊ ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ တည်ကြည်ခြင်း၊ သိမ်မွေ့ခြင်းများကိုလိုက်ရှာလော့။။ 12 ယုံကြည်ခြင်းပြေးပွဲတာမြတ်၌ လုံလထုတ်လော့။ သက်သေအများတို့ရှေ့၊ ကောင်းမွန်စွာသင်ဝန်ခံသည့်အတိုင်း ခေါ်ထားတော်မူရင်းထာဝရအသက်ကိုစွဲကိုင်လော့။ 13 အရာရာကိုရှင်စေတော်မူသောဘုရားသခင့်မျက်မှောက်၊ ပုန္တိပိလတ်မင်းရှေ့ ကောင်းမွန်စွာဝန်ခံ၍ သက်သေခံတော်မူသောခရစ်တော်ယေရှုမျက်မှောက်၌ ငါမှာထားလိုက်သည်ကား၊ 14 ငါတို့အရှင်ယေရှုခရစ်ထင်ရှားတော်မမူမချင်း အမိန့်ပညတ်တော်ကိုအစွန်းအကွက်မဲ့၊ အပြစ်မဲ့စောင့်ရှောက်လော့။ 15-16 တစ်ဆူတည်းသော၊ နိစ္စဖြစ်တော်မူထသော၊ မချဉ်းကပ်နိုင်သောအလင်း၌စံနေ၍ လူတို့ဒိဌၕၔၕမဖူးဘူး၊ မဖူးနိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော၊ တစ်ဆူတည်းသောဧကရာဇာ၊ ဘုရင့်ထက်ဘုရင်၊ အရှင့်ထက်အရှင်သည် အချိန်တော်ရောက်သည့်ကာလ ထိုထင်ရှားခြင်းကိုပြသတော်မူလိမ့်မည်။ ကိုယ်တော်၌ ထာဝရဘုန်းတော်၊ တန်ခိုးတော်သည် တည်ရှိပါစေသော။ အာမင်။
 
17 ယခုကာလ၌ကြွယ်ဝသူတို့သည် စိတ်နေမမြင့်စေရန်လည်းေကာင်း၊ မမြဲသောပစ္စည်း၌မဟုတ်၊ ငါတို့မွေ့လျော်ရာရာကို ကြွယ်ဝစွာသနားတော်မူသောဘုရားသခင်၌ အားကိုးမျှော်လင့်စေရန်လည်းေကာင်း၊ ၓ 18 ကျေးဇူးပြုလျက်၊ ကောင်းမှုနှင့်ကြွယ်ဝလျက် ပေးကမ်းဝေမျှလျက်နေစေရန်လည်းေကာင်း၊ 19 တည်မြဲရာအသက်ကိုစွဲကိုင်မည့်အကြံနှင့် နောင်ဘဝအဖု့ိ ကောင်းသောအခြေအမြစ်ကို သိုထားစေရန်လည်းေကာင်းမိန့်မှာလော့။
20 အိုတိမောသေ၊ လွှဲအပ်ခံသောအရာကိုစောင့်ထိန်းလော့။ မိစ္ဆာ၏ပညာဆိုင်ရာ ယုတ်မာပိန်ဖျင်းငြင်းဆန်သောအချက်ချက်မှ လွှဲရှောင်လော့။ 21 အချို့တို့သည်ထိုအတိုင်းလိုက်နာလျက် ယုံကြည်ခြင်းတရားမှလမ်းလွဲကြလေစွ။
ကျေးဇူးတော်သည် သင်တို့နှင့်အတူတည်ရှိစေသတည်း။