4
1-3 သို့ရာတွင်အိမ်ထောင်မပြုရဟူ၍လည်းေကာင်း၊ အစာမျိုးစုံမစားရဟူ၍လည်းေကာင်းမြစ်တားသူ၊ သြတ္တပ္ပစိတ်ခဲယဉ်းစွာ မိစ္ဆာဒိဌိသင်ကြားသူတို့၏သီလကြောင်ခြင်းကြောင့် အချို့တို့သည် လှည့်စားသောဝိညာဉ်များနှင့် နတ်ဆိုးတို့သြဝါဒကိုဂရုပြုသဖြင့် နောင်ကာလများတွင် ယုံကြည်ခြင်းတရားမှ​ေဖာက်ပြန်ကြမည့်အကြောင်း ဝိညာဉ်တော်က အတည့်အလင်းဆင့်ဆိုတော်မူ၏။ သမ္မာတရားကိုသိကျွမ်း၍ ယုံကြည်သူတို့သည် ကျေးဇူးတော်ကိုချီးမွမ်းလျက်သုံးဆောင်ကြရစေရန် ၎င်းအစာမျိုးကိုဘုရားသခင်ဖန်ဆင်းတော်မူ၏။ 4-5 ဘုရားသခင်ဖန်ဆင်းတော်မူသောအစာမျိုးစုံကို ကျေးဇူးတော်ချီးမွမ်းလျက် သုံးဆောင်ထိုက်သည့်အလျောက် ဘုရားသခင့်ဗျာဒိတ်တော်အရလျှောက်တောင်းချက်ဖြင့် သန့်ရာရောက်ပြီးဖြစ်၍ မပယ်အပ်။
ထိုအတိုင်းညီအစ်ကိုတို့အားဆင့်ဆိုလျှင် သင်သည်လိုက်နာခဲ့ပြီးသောဒေသနာမြတ်နှင့် ယုံကြည်ခြင်းတရားစကားများကြောင့် ကျွေးမွေးခြင်းခံရသည့်အလျောက် ခရစ်တော်ယေရှု၏ကောင်းသောအမှုတော်ဆောင်ဖြစ်လိမ့်မည်။ မိန်းမအိုတို့၏ ယုတ်ညံ့သောပုံဝတ္ထုများကိုကားပယ်ရှားလျက် ဘုရားတရားကြည်ညိုခြင်းအလို့ငှါ ကိုယ်ကိုလေ့ကျင့်လော့။ ကိုယ်ခန္ဓာသန်စွမ်းရန်လေ့ကျင့်ခြင်းသည် အနည်းငယ်အကျိုးရှိ၏။ ဘုရားတရားကြည်ညိုခြင်းမူကား ယခုဘဝ၊ နောင်ဘဝအသက်ရမည့်ကတိတော်ပါရှိသည်ဖြစ်၍ အနည်းနည်းဖြင့်အကျိုးထူးသည်ဟူသောစကားမှာ၊ သစ္စာတည်ရာ၊ အကြွင်းမဲ့ခံယူထိုက်ရာစကားတည်း။ 10 ယုံကြည်သူတို့မှစ၍ သူခပ်သိမ်းတို့၏ကယ်တင်ရှင်၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ငါတို့သည် အားကိုးမျှော်လင့်ကြသောကြောင့် ထိုအကျိုးကိုခံစားခြင်းငှါ ကြိုးစားအားထုတ်လျက်နေကြ၏။ ထိုအတိုင်းမိန့်မှာသင်ကြားလော့။ 11-12 သင့်အရွယ်နုနယ်ခြင်းကို မည်သူမျှမထီလေးစားမပြုစေဘဲ၊ အပြောအဆိုအနေအထိုင်မှစ၍ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းများ၌ ယုံကြည်သူတို့အဖို့ ပုံစံအဖြစ်နေလော့။ 13 ငါမရောက်မချင်း ဖတ်ရွက်မှု၊ နှိုးဆော်မှု၊ သင်ကြားမှုများကိုဂရုပြုလော့။ 14 ဥက္ကဋ္ဌတို့လက်တင်ခြင်းနှင့်တကွ ပရောဖက်တို့ဟောချက်အားဖြင့် သင်ခံစားရသောဆုကျေးဇူးတော်ကို လျစ်လျူမရှုနှင့်။ 15 ထိုအမှုများ၌ စိတ်ဝင်စား၍ဆောင်ရွက်လော့။ သို့မှ သင့်တိုးတက်ခြင်းသည် လူခပ်သိမ်းတို့ရှေ့ထင်ရှားလိမ့်မည်။ 16 ကိုယ်ကိုလည်းေကာင်း၊ ကိုယ့်သင်ကြားခြင်းကိုလည်းေကာင်းဂရုစိုက်လျက် ထိုအမှုများ၌တည်မြဲလော့။ သို့ပြုလျှင်ကိုယ်တိုင်မှစ၍ ကြားနာသူတို့ကို သင်ကယ်တင်လိမ့်မည်။