6
မိန်းမတကာတို့ထက်အဆင်းလှသော အစ်မ၊ သင့်ချစ်သူသည်၊ အဘယ်အရပ်သို့သွားသနည်း၊ ကျွန်မတို့လည်း သင်နှင့်အတူလိုက်ရှာရန်၊ သင့်ချစ်သူကား၊ အဘယ် အရပ်သို့ လှည့်သွားသနည်း။
ကျွန်မ၏ချစ်သူသည်၊ သူ့ဥယျာဉ်၌ စားသောက်၍၊ နှင်းပန်းများကိုဆွတ်ယူရန်၊ ဥယျာဉ်အတွင်း၊ ဒန်းခင်းသို့ဆင်းသွားလေ၏။ ချစ်သူသည် ကျွန်မပိုင်၊ ကျွန်မလည်း အရှင်ပိုင်ဖြစ်ပါ၏။ နှင်းတော၌ ထိန်းကျောင်းလေ့ရှိ၏။
ငါ့ချစ်ဆွေ၊ သင်သည် တိဇရမြို့ကဲ့သို့လှ၍၊ ယေရုရှလင်မြို့ကဲ့သို့တင့်တယ်၏။ တပ်အောင်လံကဲ့သို့ကြောက်မက်ဖွယ်ဖြစ်၏။ သင့်မျက်စိသည် ငါ့ကိုလှန့်သောကြောင့်လွှဲပါ။ ဆံပင်လည်း ဂိလဒ်တောင်ထိပ်၌ ဝပ်နေသောဆိတ်အုပ်ကဲ့သို့ဖြစ်၏။ သင်၏ သွားများသည်၊ ရေချရာမှ တက်လာသောသိုးအုပ်ကဲ့သို့စင်ကြယ်သည့်ပြင်၊ ရှဉ်းပဲ့မဟုတ်၊ ရှဉ်းစုံဖြစ်ကြ၏။ ရှေ့ကာအောက်နားထင်သည်၊ သလဲရောင်နှင့်တူ၏။ မိဖုရားခြောက်ဆယ်၊ မောင်းမငယ်ရှစ်ဆယ်၊ ရံရွေတော်မရေမတွက်နိုင်အောင်ရှိသော်လည်း၊ ငါ့ချိုးငှက်၊ ငါ့စင်ကြယ်သူကားတစ်ပါးတည်းရှိ၏။ ဖွားမြင်သူမိခင်၌ အမြတ်ဆုံးသောသမီးဖြစ်သဖြင့်၊ မြင်ရုံမျှပင် လူ့သမီးတို့ ဩဘာပေးလျက်၊ မိဖုရားများနှင့် မောင်းမ ငယ်တို့လည်းချီးမွမ်းကြ၏။
10 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ကြည်လင်လျက်၊ တပ်အောင်လံကဲ့သို့ကြောက်မက်ဖွယ်ဖြစ်လျက်၊ နေအရုဏ်ကဲ့သို့ စီးကြည့်သောအပျိုကား၊ မည်သူနည်း။
11 စပျစ်ပင်သန်မသန်၊ သလဲပင်ပွင့်မပွင့်၊ ရှုကြည့်ရန် လည်းေကာင်း၊ ချိုင့်ဝှမ်းရာ၌အေညှာက်အစို့ကို ရှုကြည့်ရန်လည်းေကာင်း၊ 12 သစ်ကြားဥယျာဉ်ထဲသို့ ကျွန်မဆင်းသွားရာ၊ မဆင်ခြင်သေးမီပင်၊ မင်းစီးမင်္ဂလာရထားပေါ်တွင် ကျွန်မတမ်းတဆဲတက်စီးရလေ၏။
13 အချင်းရှုလံမြို့သူ၊ ပြန်လာပါ။ ပြန်လာပါ။ သင့်ကိုကျွန်မတို့ရှုမြင်ရန်ပြန်လာပါ၊ ပြန်လာပါ။ အငြိမ့်နှစ်ပွဲကသည်ကို ရှုကြည့်သကဲ့သို့၊ ရှုလံမြို့သူ့ကို အဘယ်ကြောင့် ရှုကြည့်ရမည်နည်း။